Chapter 33

11.6K 2.2K 57
                                    

[Unicode]

သူတို့မီးဖိုချောင်ထဲကထွက်လာပြီး သိပ်မကြာခင်ပဲ မွေးနေ့ကိတ်ကရောက်ရှိလာခဲ့သည်။ အခန်းထဲကမီးတွေအားလုံးကိုမှိတ်ထားပြီး အလှဆင်ထားတဲ့ကြယ်လေးတွေကိုသာဖွင့်ထားသည်။

အမှောင်ထဲကနေ တစ်ယောက်ယောက်က ' Happy Birthday ' သီချင်းကိုစဆိုလိုက်သည်။ ရှယောင်က ကျိုးတုရဲ့ဘေးနားလေးမှာမတ်တပ်ရပ်နေကာ ရုတ်တရက် သူ့လက်ကတင်းကျပ်စွာအကိုင်ခံလိုက်ရသည်။

သူကလှည့်ပြီး ကျိုးတုကိုကြည့်လိုက်သည့်အချိန် ကျိုးတုကတော့သူများတွေလိုပဲ ဆုတောင်းမှုပြုနေသည့်ကျန်းရှီဝမ်ကိုသာကြည့်နေခဲ့သည်။ ရှယောင်က သူ့လက်ချောင်းလေးတွေဖြင့် ကျိုးတုရဲ့လက်ဖဝါးကိုကုတ်လိုက်သော် ကျိုးတုရဲ့နှုတ်ခမ်းထောင့်နားလေးတွေကကော့တက်လာခဲ့သည်။

ဖယောင်းတိုင်တွေမှုတ်ပြီးတဲ့နောက် တစ်ယောက်ယောက်က မီးပြန်ဖွင့်ရန်လုပ်လိုက်သည့်အချိန် အမှောင်ထဲကနေကောင်လေးတစ်ယောက်၏ အော်သံကထွက်လာခဲ့သည် " နေအုံး " သူကဆက်ပြောသည် " ဒီနေ့ကငါတို့ရဲ့ မိန်းမလှလေးကျန်းရှီဝမ်ရဲ့ မွေးနေ့ ဒီနေ့လိုအထူးနေ့မျိုးလေးမှာ ငါကသူ့ကိုစကားလေးနည်းနည်းလောက်ပြောချင်လို့ အချိန်လေးနည်းနည်းလောက်ယူပါရစေ လူတိုင်းခဏလောက်တိတ်တိတ်လေးနေပေးကြပါ "

စကားပြောနေသည့်ကောင်လေးက ကျန်းရှီဝမ် တို့အခန်းထဲကပဲဖြစ်သည်။ လူတိုင်းကအဓိပ္ပါယ်ပါသောအကြည့်ဖြင့် ကြည့်နေကြပြီး တိုးတိုးတိုးတိုးဖြင့်ပြောနေသည်။ ဖက်တီးက ခေါင်းကိုငုံ့ထားလျှက် ရှယောင်ဘေးတွင်ရပ်နေသည်။

" အဟမ်း အဟမ်း " ကောင်လေးရဲ့ပုံစံကစိတ်လှုပ်ရှား နေသည်။ သူမိုက်ကိုကိုင်ပြီး နည်းနည်းလောက်အသံစမ်းပြီးနောက် ပြောလာသည်။ " ငါက ကျန်းရှီဝမ်နဲ့ သုံးနှစ်လောက် အတန်းဖော်သူငယ်ချင်းဖြစ်ခဲ့တယ် ဆိုတဲ့ ဂုဏ်ရှိတယ်၊ လူသစ်အနေနဲ့ သူနဲ့ မျက်လုံးချင်းဆုံတဲ့ အခိုက်မှာပဲ ကြွေမိသွားတာ မှတ်မိသေးတယ်။ ငါ သူ့ကို ပေါ်တင်လဲ ရှိုးတယ် ကွယ်ပီးလဲ ရှိုးတယ် ငါ့မျက်လုံးတစ်စုံဟာ သူ့ရဲ့ ဆွဲဆောင်မှု အောက်ကို ရောက်လုနီးပါး ဖြစ်နေပြီ။ ဒါပေမယ့်လည်း ငါ့ အားထုတ်ကြိုးပမ်းမှု့တွေ ဘယ်လောက်ပဲ များများ ဟောဒီက ငါ့ရဲ့ ရှီဝမ်လေးရဲ့ မျက်ကွယ်ပြုခြင်းကိုခံခဲ့ရတယ် "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Waar verhalen tot leven komen. Ontdek het nu