Chapter 47

7.7K 1.6K 43
                                    

[Unicode]

ရှယောင်အိမ်ပြန်ရောက်တဲ့အချိန် သူ့အမေကအိမ်သို့ပြန်ရောက်မလာသေးပေ ထို့ကြောင့်သူကချက်ပြုတ်ဖို့အတွက်ခြေလှမ်းစလိုက်၏။ ရှယောင်အမေက သူမ၏ဆိုင်ခန်းလေသိမ်းပြီးနောက် အိမ်သို့ပြန်ရောက်လာခဲ့သည်။ သူမသားက ချက်ပြုတ်တတ်သည်ဆိုတာကိုသိလိုက်ရတော့ သူမတကယ်ပဲအံ့သြသွားခဲ့ရ၏။ သူ့အရင်ဘဝတုန်းက ရှယောင်ကကျိုးတုအတွက်ချက်ပြုတ်နည်းကိုသင်ယူခဲ့သည်။ သူ့အမေ၏အမူအရာက သူ့ကိုအပြစ်ရှိသလိုခံစားလာရစေသည်။

" မား " ရှယောင်က သူ့တူဖြင့်သူ့အမေကိုဟင်းများထည့်ပေးလိုက်သည် " ကျွန်တော် ဒီပိတ်ရက်တွေမှာအပြင်ထွက်ပြီး တစ်ခုခုလုပ်ချင်တယ် "

" တစ်ခုခုလုပ်မယ် ဘာလုပ်မှာလဲ သားပိုက်ဆံလိုနေလို့လား " ရှယောင်အမေက အူယားဖားယားမေးလိုက်သည်။

ရှယောင်ကရှင်းပြ၏ " မဟုတ်ပါဘူး ကျောင်းပိတ်ရက်ကနှစ်လတောင်ဆိုတော့ ကျွန်တော်ဘာမှမလုပ်ပဲမနေချင်ဘူး အဲ့တာကြောင့်အချိန်ပိုင်းအလုပ်လေးထွက်လုပ်မလို့စဥ်းစားထားတာ အချိန်ပိုင်းလုပ်ရင်းနဲ့ ကျွန်တော့ကိုယ်ကျွန်တော်လေ့ကျင့်ပေးလို့ရတယ်လေ ကျွန်တော်ကလ​ည်းအရွယ်ရောက်နေပြီ "

ရှယောင်အမေကသူမလက်ထဲကတူလေးကို စားပွဲပေါ်ဖြည်းဖြည်းချင်းချလိုက်ရင်း " ဒါတွေအားလုံးက သားရဲ့မာမားအသုံးမကျလို့ဖြစ်ရတာ "

" မား အဲ့လိုမပြောပါနဲ့ " ရှယောင်ကသူ့အမေကိုဖြတ်ပြောလိုက်သည် " ဒါကကျွန်တော့ကိုယ်ကျွန်တော် လေ့ကျင့်ပေးဖို့သက်သက်ပါပဲ ကျွန်တော်တက္ကသိုလ်ရောက်သွားပြီးရင်လည်း အလုပ်ထွက်လုပ်ရမှာပဲလေ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်တဲ့အတွေ့အကြုံကိုကျွန်တော်လိုအပ်တာပဲ အဲ့တာအပြင် ကျွန်တော့စာမေးပွဲကပြီးသွားပြီ အိမ်မှာနေပြီးဘာမှလည်းလုပ်စရာမရှိဘူး မားကျွန်တော့ကိုဆက်ပြီးစာကျက်စေချင်သေးတယ်လို့တော့မပြောနဲ့နော် "

အဆုံးမှာတော့ ရှယောင်ကသူ့အမေကိုသိမ်းသွင်းနိုင်လိုက်ပြီး အလုပ်တစ်ခုလည်းရသွားခဲ့သည်။ ကျိုးတုက ရှယောင်ကိုခရီးတစ်ခုခေါ်သွားဖို့တွေးထားခဲ့သော်လည်း ရှယောင်ကအလုပ်တစ်ခုရှာနေတာလည်းသိရော သူအတော်လန့်သွားခဲ့ရသည်။ ရှယောင်ရဲ့အလုပ်နေရာက မစ်တီးဆိုင်လေးတစ်ခုတွင်ဖြစ်၏။ သူ့ရဲ့ကြည့်ကောင်းသည့်အသွင်အပြင်ကြောင့် ဆိုင်ပိုင်ရှင်က သူ့ကိုကောင်တာတွင်ရပ်ပြီး ဝယ်သူများကိုကြိုဆိုရသည့်နေရာတွင်ထားထားလိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now