Chapter 25.1

14.9K 2.6K 49
                                    

[Unicode]

ငါမင်းကိုနေ့တိုင်းလွမ်းတယ်

သူရှယောင်ကိုနောက်တစ်ကြိမ် အိမ်ပြန်ပို့ပေးပြီးနောက်မှာတော့ ကျိုးတုတစ်ယောက် ယုံကြည်ချက်တို့ပိုပြီးရှိလာသည်ဟုခံစားရသည်။ နှစ်ယောက်သားဘေးချင်းယှဥ်လျှောက်နေကြပြီး ကျိုးတုက ခဏခဏ သူ့ဘေးကရှယောင်လေးကိုခိုးကြည့်နေသည်။

ရှယောင်က သူ့လွယ်အိတ်ကြိုးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ့နှလုံးကလည်းအပြင်းအထန် ခုန်နေခဲ့သည်။ သူ့အိမ်နှင့်ကျောင်းကသိပ်မဝေးပါ။ ကြီးပြီးရှုပ်ရှက်ခပ်နေသည့်လမ်းမကြီး၏အခြားတစ်ဖက်က ဘာမှမရှိသောလမ်းကြားလေးကိုကျော်လျှင် သေးပြီးအနည်းငယ်ညစ်ပတ်နေသော ရှယောင်နှင့်သူ့အမေ အတူနေထိုင်သည့် အိမ်ငယ်လေးကိုမြင်နိုင်သည်။

ကျိုးတုကလမ်းလျှောက်နေရင်း ကျန်းရှီဝမ်ပြောခဲ့ဖူးသော ' နေရသက်သာအောင် နင့်ဘက်ကစကားလေးနည်းနည်းတော့ပြောပေး ' ဟူသောစကားကိုသတိရမိတော့ သူကရှယောင်ကိုမေးလိုက်သည် " မနေ့ညကဘာတွေလုပ်လဲ "

ရှယောင်က သူ့ကို ခေါင်းတောင်မော့ပြီး မကြည့်ရဲပဲ တမင်တကာကို သူတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခုထားလိုက်သည်။ တစ်ခြားသူတွေက သူတို့နှစ်ယောက်ကြားက ပင်ကီပင်ကီ (roဆန်တဲ့) အငွေ့အသက်လေးတွေကို သတိထားမိသွားမှာ စိုးလို့လေ။ သူကအချိန်ခဏလောက်ရပ်နေပြီးမှ သူ့ခေါင်းလေးကိုငုံ့လိုက်ပြီး နူးညံ့တဲ့အသံလေးဖြင့်ပြောလိုက်သည် " ဘာမှသိပ်မလုပ်ပါဘူး စာပဲဖတ်တာ "

ကျိုးတုက နောက်ထပ်မေးရမည့်မေးခွန်းကို ထပ်မစောင့်နိုင်တော့စွာ မေးလိုက်၏ " ဒါဆို ငါ့ကိုလွမ်းလား? "

ရှယောင်က မျက်နှာလေးတွေနီသွားပြီးခေါင်းညိတ်ပြလိုက်သည်

ကျိုးတုကလည်း မြန်မြန်ပဲပြန်ပြောလိုက်၏ " ငါလည်းလွမ်းတယ် " ထိုစကားပြောပြီးနောက် ကူကယ်ရာမဲ့စွာဖြင့်ပဲ ထပ်ပြောလိုက်ပြန်၏ " ငါမင်းကိုနေ့တိုင်း လွမ်းတယ် "

" ပြောနေတာ တော်တော့ " ရှယောင်ကပျာယာခတ်နေသည့်ပုံစံဖြင့် စကားစကိုဖြတ်လိုက်သည် " တစ်ယောက်ယောက်သာကြားသွားရင် မကောင်းဘူး "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Où les histoires vivent. Découvrez maintenant