Chapter 49

8.5K 1.8K 61
                                    

[Unicode]

သူ့လက်နဲ့ ဖုန်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ရှယောင်ကိုဖုန်းမခေါ်ခင် ကျိုးတုကအသက်ပြင်းပြင်းရှူလိုက်သည်။ လက်ရှိတွင် ရှယောင်ကကျောင်းဂိတ်ဝသို့ရောက်ရှိလာပြီဖြစ်သည်။ သူ့ဖုန်းဆီကမြည်သံကိုကြားရသည့်အချိန် သူကစခရင်ကိုကြည့်လိုက်ပြီး ချက်ချင်းသူ့မျက်ခုံးတွေကြုံ့သွားသည့်တိုင်အောင် ဖုန်းကိုတော့ကိုင်လိုက်သေး၏။

" ငါမင်းရဲ့အဆောင်ခန်းအပြင်မှာရှိတယ် " ကျိုးတုအသံကအေးစက်နေပြီး ရှယောင်ကလည်းချက်ချင်းအေးခဲသွား၏။

ရှယောင်သူ့အဆောင်အောက်သို့ရောက်သည့်အချိန် ကျိုးတုက အဆောင်ရှေ့ကြော်ငြာဘုတ်ဘေးက လှေကားမှာမတ်တက်ရပ်စောင့်နေတာကိုသတိထားလိုက်မိသည်။ ကျိုးတုကသူ့လက်ကိုအိတ်ကပ်ထဲထည့်ထားရင်း အမူအရာမဲ့စွာဖြင့် ရှယောင်ကိုကြည့်နေသည်။

ရှယောင်က ကျိုးတုဆီသို့လျှောက်သွားလိုက်ပြီး အကြာကြီးတွန့်ဆုတ်နေပြီးမှမေးလိုက်၏ " ဒီလောက်နောက်ကျတဲ့အချိန်မှ ဘာလို့ငါ့ကျောင်းကိုလာရတာလဲ "

ကျိုးတုရဲ့နှလုံးသားလေးက ဒေါသမီးတွေကြောင့် သူ့ရဲ့စကားလုံးတွေတောင်ပျောက်ရှသွားရသည်။ သို့သော်လည်း သူရှယောင်ကို ကတိထားပေးထားခဲ့သည်ကိုပြန်သတိရလိုက်ပြီး သူ့ပါးစပ်ထဲကထွက်လာမည့် အန္တရာယ်ရှိသောစကားတို့ကို ပြန်ပြီးမျိုချလိုက်သည် " ဒီနေ့ကမင်းမွေးနေ့ " သူကသူ့ပါးစပ်ကိုဖွင့်ပြီး ဖြည်းဖြည်းချင်း​ပြောလိုက်သည်။

ရှယောင်တခဏလောက် မတုံ့ပြန်နိုင်ဖြစ်ပြီးမှ သူ့ရဲ့တကယ့်ဘဝကိုပြန်ရောက်လာခဲ့သည် " ကျိုးတု " ရှယောင်သည် ဖြတ်သန်းသွားသောကျောင်းသားများရဲ့ အကြည့်တွေနှင့်စပ်စုလိုသောအကြည့်တွေက ကျိုးတုနှင့်သူ့အပေါ် ကျရောက်နေသည်ကိုမြင်လိုက်ရတော့ သူရုတ်တရက်ထိန်လန့်သွားခဲ့သည် " ငါ.... " သူဒီလို နောက်ကျမှပြန်လာတတ်သည့်ခိုးကြောင်ခိုးဝှက်ကိစ္စကို ကျိုးတုမိသွားလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့မိပေ။ ဘာပဲဖြစ်ဖြစ် သူတို့ဒီနေရာမှာစကားပြောရန်မဖြစ်နိုင် ဒါ့ကြောင့် သူလည်းရွေးစရာမရှိပဲ တိုးတိုးလေးပြောလိုက်သည် " နောက်မှ ငါတို့မက်ဆေ့ပို့ကြမယ် "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now