Chapter 7

19.2K 3.3K 22
                                    

(Unicode)

ကျိုးတုကသူ့ခေါင်းကိုမလိုက်ပြီး သူတို့အကြည့်တွေကိုဆုံစေလိုက်သည်

ဘယ်သူမှမမျှော်လင့်ခဲ့သည်က ရှယောင်၏ ရိုးတွင်းချဥ်ဆီလှူဒါန်းရန်တောင်းဆိုမှုကို ဆရာဝန်ကငြင်းလိုက်ခြင်းဖြစ်သည်။

" ဘာလို့လဲ " ကျိုးတုအဖေကစိုးရိမ်တကြီးမေးတော့သည်။

ဆရာဝန်ကသူ့မျက်မှန်ကိုမတင်လိုက်ရင်း ပြောလာ၏။ " ဒီကလေးက အခုမှကျောင်းသားပဲရှိသေးတာ ကျွန်တော်တို့ သူ့မိဘရဲ့သဘောတူညီမှုလိုသေးတယ် "

ရှယောင်ကခေါင်းညိမ့်ပြလိုက်သည် " ဟုတ်ကဲ့ " သူ့ရဲ့အရင်ဘဝမှာတုန်းကလည်း မလှူဒါန်းခင်သူ့အမေရဲ့လက်မှတ်ကိုလိုအပ်ခဲ့သည်လေ။

သုံးယောက်သားဆရာဝန်ရုံးခန်းထဲကထွက်လာကြပြီး နောက်ကျိုးတုကသူ့အဖေကိုပြောလိုက်သည်။ " အဖေ ကျွန်တော်ရှယောင်နဲ့အတူကျောင်းကိုပြန်သွားလိုက်အုံးမယ် ဒီမှာနေခဲ့ပြီးအမေ့ကိုကြည့်ထားပေး "

ကျိုးတုအဖေကလည်းသဘောတူလိုက်သည်
ရှယောင်ကိုတစ်ခုခုပြောချင်သလိုမျိုးပုံစံဖြင့်လှည့်ကြည့်လိုက်သော်လည်း ဘာစကားမှတော့မပြောခဲ့ပါပေ။

ဒါပေမယ့် ရှယောင်ထင်မထားစွာပဲအိမ်ပြန်ရောက်တော့သူ့အမေက ခွင့်ပြုမပေးတော့ပေ။

" မား ဘာလို့လဲ " ရှယောင်နားမလည်နိုင်တော့ပေ။ မနေ့ကတင်အဆင်ပြေနေခဲ့တာမဟုတ်ဘူးလား။

ရှယောင်အမေကသူ့ကိုထိုင်ခိုင်းလိုက်ပြီး " ဒီနေ့တစ်ယောက်ယောက်ပြောတာ အမေကြားခဲ့တယ် ရိုးတွင်းချဥ်ဆီလှူဒါန်းတာက လှူဒါန်းသူရဲ့ခန္ဓာကိုယ်အတွက်မကောင်းဘူးတဲ့ သွေးကင်ဆာပါဖြစ်လာနိုင်တယ်တဲ့ "

ရှယောင်တစ်ယောက်ကြက်သေသေသွားခဲ့ရသည်။ သူက စိတ်ရှည်ရှည်ဖြင့် သူ့အမေကိုရှင်းပြလိုက်၏။ " မား ဒါကသက်သက်လျှောက်ပြောနေကြတာ ရိုးတွင်းချဥ်ဆီလှူဒါန်းတယ်ဆိုတာကလေ သွေးလှူသလိုပဲဘယ်လိုလုပ် သွေးကင်ဆာဖြစ်မှာလဲ "

" ဘယ်လိုလုပ်သွေးလှူတာနဲ့ ရိုးတွင်းချဥ်ဆီလှူတာတူမှာလဲ " ရှယောင်အမေကသူ့သားကိုစိတ်ပူစွာဖြင့်ကြည့်လိုက်ပြီး " ရိုးတွင်းချဥ်ဆီတွေပေါများနေတယ်ထားပါအုံး သားကတခြားတစ်ယောက်ကိုအဲ့ဟာလှူလိုက်ရင် သားကိုယ်တိုင်ကရောဘယ်လိုလုပ်မလဲ? "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now