Chapter 15

18.8K 3K 124
                                    

[Unicode]

နီးကပ်လှသောလက်တစ်စုံ

လေလိုမျိုး ဝမ်ဟောင်ကရှ​ယောင်နားရောက်လာပြီး ရှယောင်လက်ကိုဆွဲလျှက် ဂိတ်ပေါက်ဝတစ်လျှောက်ပြေးတော့သည် " ငါအဲ့ကောင်ကိုမထိန်းနိုင်တော့ဘူး သူ့ဘဝဆုံးသွားမယ်ဆိုရင်တောင်ဆေးရုံမသွားဘူးဆိုပြီးငြင်းနေတယ် မင်သူ့ဆီသွားပြီး နားချပေးပါကွာ "

ရှယောင်ကသူ့ပါးစပ်ကိုဖွင့်ပြီးတစ်ခုခုမပြောခင် သူ့လွယ်အိတ်ကိုသူနဲ့နီးနီးကပ်ကပ်ဆွဲဖက်လိုက်မိသည် " သူကငါ့စကားနားထောင်မှာမဟုတ်ဘူး "

ဝမ်ဟောင်ကဆက်ပြောသည် " အခုသူကမင်းရဲ့မွေးစားညီလေးဖြစ်နေပြီမလား မြန်မြန်သွားပြီနားချလိုက်ပါကွာ သူနားမထောင်ခဲ့ဘူးဆိုရင် သူ့အမေကိုသာတိုင်လိုက် "

ရှယောင်ခဗျာ ကျောင်းပေါက်ဝအထိတရွတ်တိုက်ပါလာခဲ့သည်။ ကျောင်းပေါက်ဝမှာ ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်နေသော ကျိုးတုကိုသူမြင်လိုက်ရသည်။

" ကျိုးတု " ဝမ်ဟောင်ကရှယောင်ကိုဆွဲထားရင်း ကျိုးတုဆီသို့ပြေးလာခဲ့သည် သို့သော်လည်း ကျိုးတုကတော့ဘာတစ်ခုမှမကြားသလိုမျိုးဟန်ဆောင်ထားလေသည်။ ကျိုးတု၏ခြေထောက်တစ်ဖက်က အတော့ကိုအခြေအနေဆိုးနေခဲ့တာကြောင့် ဝမ်ဟောင့်ကိုကျော်အောင်မပြေးနိုင်သည်မှာသဘာဝကျပေသည်။ အချိန်ခဏလေးအတွင်းမှာပဲ ဝမ်ဟောင်ကကျိုးတုသွားနေသည့်လမ်းရှေ့ရောက်လာခဲ့သည်။

ကျိုးတုကဝမ်ဟောင်ကိုအော်ပစ်ဖို့လုပ်လိုက်သော်လည်း ရှယောင်ကိုသူတွေ့လိုက်ရတာကြောင့် သူ့ပါးစပ်ထဲကစကားလုံးတွေမထွက်ခင်ပြန်မျိုချလိုက်ရသည်။

" မင်းဆရာဝန်ကိုကြောက်နေတာမလား ဒီမှာကြည့် ငါရှယောင်ကိုတောင်ခေါ်လာပြီးပြီ ဘာလို့ငါတို့အတူတူဆေးရုံသွားလို့မရရမှာလဲ "

ဝမ်ဟောင်ရဲ့နွားလိုမျက်လုံးကြီးကိုသူနှိုက်ထုတ်ပစ်ချင်လာသည် ကျိုးတုကဒေါသထွက်ရလွန်းလို့ တုန်ရီနေလျှက် ပြောလိုက်သည် " ဘယ်သူကဆရာဝန်ကိုကြောက်လို့လဲ! "

" လာပါကွာ မင်းငယ်ငယ်ထဲကဆရာဝန်တွေကိုကြောက်တတ်တာငါသိပါတယ် ပြီးတော့ ငါတို့နောက်ဆုံးကာကွယ်ဆေးထိုးတဲ့အကြိမ်တုန်းကဆိုရင် မင်းအော်တောင်ငိုသေးတာလေ "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now