Chapter 43

10K 1.8K 53
                                    

[Unicode]

Valentines Day special

Note: ဒီအပိုင်းက ရှယောင်အရင်ဘဝမှာဖြစ်ပျက်ခဲ့တာပါ။ တကယ့်ဝတ္ထုက နောက်အပိုင်းမှပဲဆက်ပါမယ်။

ကျိုးတုလေယာဉ်ထဲကထွက်လာတော့ အချိန်က ညေန ၅ နာရီ ၁၀ မိနစ်ပင်ရှိနေခဲ့လေပြီ။ သူကသူ့ရဲ့ ကြိုးသိုင်းအိတ်လေးကိုသယ်လိုက်ပြီး လေဆိပ်ရဲ့လူအုပ်ကြီးနောက်ကနေ လိုက်ထွက်လာခဲ့၏။ သူ့ရဲ့ စိတ်အလိုမကျမှုတွေကို သူ့နှဖူးလေးကိုအနည်းငယ်ကြုံ့ရင်း ဖော်ပြနေခဲ့သည်။ အစကတော့ သူက M မြို့ကို ၃ နာရီတွင်ရောက်ရန်အတွက်အစီအစဉ်ချထားခဲ့တာဖြစ်သည် သို့သော်လည်း ဒီချီးထုပ်လေယာဉ်က အရမ်းနောက်ကျပြီးမှရောက်လာမည်ဟု မည်သူကထင်ထားပါမည်လဲ။ ကြည့်ရတာတော့ ကျိုးတု ရှယောင်နဲ့ညစာစားဖို့အရမ်းကိုနောက်ကျသွားခဲ့ပြီထင်ပါရဲ့။

စားသောက်ဆိုင်ကို ၆ နာရီအတွက် ကြိုတင်မှာယူထားခဲ့သည်။ ကျိုးတုက သူ့လက်ကိုမြှောက်ရင်း အချိန်ကိုမှတ်သားနေ၏။ လေဆိပ်ထဲကထွက်လာသည်နှင့်တစ်ခါထဲ သူကတက္ကစီတစ်စီးကိုတားပြီး ယာဉ်မောင်းကို ရှယောင်၏တက္ကသိုလ်နေရာပြော၍ မောင်းခိုင်းလိုက်သည်။ ဒီနေ့က ချစ်သူများနေ့ဖြစ်သည် သူဒီနေ့ကိုရှယောင်နဲ့အတူဖြတ်သန်းနိုင်ရန်အတွက် သူဒီနေရာသို့ပျံသန်းလာခဲ့ရခြင်းဖြစ်သည်။

ကျိုးတုလည်းဘာလို့ဒီလိုဖြစ်လာခဲ့မှန်းမသိတော့ပါ။ သူတို့တွေ ဒီလိုပွဲမျိုးကျင်းပချင်တယ်ဆိုရင်တောင် ရှယောင်ကသာ သူ့ဆီလာသင့်တဲ့သူလေ ဘာလို့ဆို ဒီလိုတွဲဖို့ ဖိအားပေးခဲ့တဲ့သူက ရှယောင်ပဲမဟုတ်ပါလား။ သို့သော်လည်း ရှယောင်ကတော့ မနေ့ကတစ်နေ့လုံး ချစ်သူများနေ့ကို စိတ်ဝင်စားမှုရှိသည့်ပုံမျိုး ဘာတစ်ခုမှပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ကျိုးတုက ရှယောင်ရှိနေသည့်မြို့ရဲ့လက်မှတ်ကို ဖြတ်လိုက်ပြီး စားသောက်ဆိုင်ကိုတောင်မှ ကြိုတင်မှာယူထားခဲ့လိုက်သည်။ ဒီလိုကြိုတင်မှာယူနိုင်ရန်အတွက် သူ့ရဲ့အချိန်အချို့ကိုတောင်ဖြုန်းတီးပစ်ခဲ့ရသေးသည်။ ချစ်သူများနေ့ဆိုတော့ စားသောက်ဆိုင်တွေအားလုံးမှာ ကြိုတင်မှာယူခြင်းတွေကအပြည့်ဖြစ်နေခဲ့သည်လေ။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now