Chapter 50

8.6K 1.6K 19
                                    

[Unicode]

သူတို့ ခွဲခွာခဲ့သည့်ထိုအချိန်မှစပြီး ကျိုးတုကရှယောင်ဆီသို့ လာတွေ့တဲ့အချိန်ကပိုပိုပြီးစိပ်လာခဲ့သည်။ သူနေ့တိုင်းလာလို့မရရင်တောင်မှပဲ တစ်ယောက်နဲ့တစ်ယောက် တစ်ပတ်ကိုအနည်းဆုံး နှစ်ရက်ဖြစ်ဖြစ် သုံးရက်ဖြစ်ဖြစ်တွေ့လို့ရအောင်တော့ စီစဥ်ခဲ့သည်။ နောက်ပြီး အဲ့ရက်တွေထဲမှာ သူတို့၏ ကျောင်းပိတ်ရက်များ မပါဝင်ခဲ့ပါ။ သို့ပေမယ့်လည်း နောက်ဆုံးတော့ ကျိုးတုက ကျောင်းကိစ္စ မဟုတ်လည်း အခြားကိစ္စများကြောင့် ရှ​​ယောင်ကိုခဏခဏလာမတွေ့နိုင်တော့ပေ။ တစ်ခါတစ်လေနှစ်ပတ်လောက်ကြာတော့မှ တစ်ခါလောက်သာတွေ့ဖြစ်ကြတော့သည်။

ရှယောင်လည်း ထိုအစီအစဥ်အသစ်ကသူ့အတွက်ပို စိတ်ပေါ့ပါးစေကြောင်း သိလိုက်ရသည်။ ခုတစ်လော သူအချိန်ပိုင်းအလုပ်နှစ်ခုရှာတွေ့ထား၏။ နှစ်ခုလုံးက သီးသန့်ဂိုက်လုပ်ရတာချည်းပဲဖြစ်ပြီး စနေ တနင်္ဂနွေတွေမှာ သူက ဆယ်နှစ်သားယောကျ်ားလေးတစ်ယောက်ကို စာသင်ပေးရသည်။ နေ့ခင်းဘက် ၆နာရီကနေ ၈နာရီအထိကိုတော့ ၉နှစ်သမီးမိန်းကလေးကို စာသင်ပေးရပြီး နှစ်ယောက်လုံးကို အင်္ဂလိပ်စာ ဂိုက်လုပ်ပေးရခြင်းဖြစ်သည်။

သူကအလုပ်နှစ်ခုလုံးကို နာရီအလိုက်လခယူထားခြင်းဖြစ်ပြီး ဆက်ပြောရလျှင် ရှယောင်သည် နောက်လာမည့်စာသင်နှစ် အတွက်ကျောင်းလခကိုသူ့ဘာသာသူပေးနိုင်လိမ့်မည်ဖြစ်သည်။ သူသာကံကောင်းလျှင် သူနေသည့်အဆောင်ခကိုပါပေးချေလို့ရအုံးမည်ဖြစ်ပေ၏။

ထိုအလုပ်အသစ်နှင့် အချိန်စာရင်းအသစ်များကိုစတင်ပြီးသည့်နောက် ရှယောင်က ကျိုးတုကိုသူ့ခေါင်းထဲကနေဖြည်းဖြည်းချင်း ထုတ်လိုက်ရသည် ဒါက သူ့ကျောင်းသူလေးအိမ်ကနေစာသင်ပြီး ပြန်ထွက်လာသည့်အချိန် ကျိုးတုဖုန်းခေါ်ဆိုမလာခင်အထိသာ။

" မင်းမှာရည်းစားရှိသေးတာတာကို မေ့သွားခဲ့ပြီလားလို့ " ကျိုးတုက သိပ်ပြီးခံစားချက်ကောင်းမနေသည့်ပုံပင်။

ရှယောင်ကညင်သာစွာရယ်မောလိုက်၏။ အခြားတစ်ဖက်ကနေ ယောကျ်ားတစ်ယောက်၏ချော့မော့ပြောသံက ထွက်ပေါ်လာခဲ့သည် " အဲ့အတွက်တောင်းပန်ပါတယ်ဗျာ ငါလည်း ငါ့ရဲ့အချိန်ပိုင်းအလုပ်လေးတွေနဲ့ အလုပ်ရှုပ်နေခဲ့လို့ပါ ဒီအပတ်ပိတ်ရက်မှာ တစ်ရက်တော့အားတယ် မင်းဆီ လာတွေ့ရမလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now