Chapter 69

8.4K 1.4K 54
                                    

[Unicode]

ကျိုးတုမျှော်လင့်ထားခဲ့တာက ရှယောင် သူ့ဆီပြောင်းလာနေရင် သူ့ဘဝကြီးကအရမ်းကိုသာယာသွားလိမ့်မည်ဟုပင်။ သို့သော် ရှယံယံဆိုသည့်အတားအဆီးအားအလွန်ကို လျော့တွက်မိသွား၏။ သူ မရင်းနှီးသည့်အိမ်သို့ ပြောင်းလာပြီးပြီးချင်းပဲ ရှယံယံသည် ရှယောင်အနောက်အရိပ်လို လိုက်ကပ်နေခြင်းအား 100 % အထိတိုးမြှင့်ခဲ့လေသည်။ ဘယ်အချိန် ဘယ်နေရာဖြစ်ဖြစ် ကိစ္စမရှိပေ ရှယံယံက ရှယောင်အား Koala တစ်ကောင်လိုမျိုးကပ်နေမည်သာဖြစ်၏။

အရွယ်ရောက်ပြီးသားဖြစ်သည့်သူက အရွယ်မရောက်သေးသည့် ကလေးတစ်ယောက်နှင့် လိုက်ပြိုင်ပြီး ရှယောင်၏ဂရုစိုက်မှုကို ရယူရန်မဖြစ်နိုင်ပေ။ ဘာမှမတတ်နိုင်ဘဲ ထိုင်သာကြည့်နေရပြီး သူ့အား ညှင်းပန်းနှိပ်စက်နေသည်ဟုပင် ခံစားနေရသည်။

ကျိုးတု၏ ခံစားချက်တွေကို ရှယောင်နားလည်သည်။ တစ်ည၌ ရှယံယံကိုသိပ်ခဲ့ပြီးနောက် ကျိုးတုအိပ်ခန်းရှိရာသို့ တိုးတိတ်စွာဖြင့် သွားလိုက်သည်။ နှစ်ယောက်သား ချစ်ကြည်နူးတစ်တီတူးတောင် မလုပ်ရသေးခင် ရှယံယံက သူ့ရဲ့ teddy bear ရုပ်ကြီးကိုပိုက်ပြီး အိပ်မှုန်စုံမွှားရုပ်လေးဖြင့် ကျိုးတုအခန်းတံခါးကို လာခေါက်လေ၏။

ကျိုးတုကလန့်လွန်းလို့ နှလုံးရောဂါရတော့မတတ်ပင်။ ရှယောင်က အင်္ကျီတွေကိုပြန်ပြင်ဝတ်လိုက်ပြီး အခန်းထဲကထွက်သွားတော့သည်။

ရှယံယံက ရှယောင်ကိုတွေ့လိုက်သည်နှင့် သူ့ကိုယ်သေးသေးလေးဖြင့် သူ့အဖေလက်မောင်းထဲပြေးဝင်လိုက်ပြီး ပြောလိုက်သည်။ " ပါ့ပါး သား ရှူရှူးပေါက်ဖို့လိုနေပြီ " ရှယောင်က သူ့သားကို သန့်စင်ခန်းထဲခေါ်သွားနောက် နောက်တစ်ခါ အိပ်ရာထဲသို့ပြန်ခေါ်သွားရသည်။

ခုဏတုန်းကလို သူအိပ်နေတဲ့အချိန် သူ့အဖေ ခိုးပြီးထွက်သွားမှာစိုးတာကြောင့် ရှယံယံက သူ့အဖေရဲ့ လည်ပင်းကို အသဲအသန်ကိုဖက်တွယ်ထားလိုက်သည်။

ကျိုးတုက အိပ်ရာပေါ်တစ်ယောက်ထဲလဲနေရပြီး မျက်နှာကြတ်ကိုကြည့်ရင်း သက်ပြင်းလေးလေးကြီးချလိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now