Chapter 44

8.5K 1.7K 89
                                    

[Unicode]

ဝမ်ဟောင်အရက်မူးပြီးသည့်နောက် ရက်အနည်းငယ်ကုန်လွန်သွားခဲ့သည်။ စာမေးပွဲနီးလာတာနှင့်အမျှ အတန်းထဲကလူတိုင်းကလည်း လှုပ်ရှားမှုများကိုတတ်နိုင်သမျှ တိတ်တဆိတ်သာပြုလုပ်ကြသည်။ ထိုမှသာ အနားယူသောသူများနှင့်စာကျက်နေသောသူများအား အနှောင့်အယှက်မဖြစ်စေမှာဖြစ်၏။ အမှန်ပြောရလျှင် ရှယောင်သည်လည်း နေ့ရက်တွေကုန်ဆုံးသွားသည်နှင့်အမျှ ပိုပိုပြီးဖိအားတွေလျော့ကျလာလေဖြစ်သည်။ အကြောင်းကတော့ စာမေးပွဲနီးလာပြီဖြစ်တာကြောင့် သူလည်းစိတ်လျော့ပြီးနေရမည်မှန်းသိသောကြောင့်ဖြစ်လေသည်။ ထို့အပြင် သူ့အရင်ဘဝတုန်းက စာမေးပွဲဖြေခါနီး ဒီလောက်အထိစိတ်ဖိစီးမှုမများခဲ့ပေ။
(T/N: ဒီအပိုဒ်ဖတ်ရတာထောက်နေရင်တောင်းပန်ပါတယ် ဘယ်လိုဆီလျော်အောင်ပြန်ပေးရမလဲစဥ်းစားရင်း ဒီလိုဖြစ်သွားလို့ပါ။)

စာမေးပွဲလမ်းညွှန်စာရွက်များရရှိလာသောအခါ ခဏလောက်လေ့လာပြီးနောက် ရှယောင်ကသူ့နောက်ကကျိုးတုကိုလှည့်ကြည့်လိုက်သည်။ ဝမ်ဟောင်က သူကျောင်းပြေးသည့်နေ့တိုင်း တစ်ခါမှခွင့်မတိုင်ခဲ့ပါ။ ကျိုးတုကတော့ သူအမေရိက သွားရမှာမို့စိတ်ညစ်နေသည်ဟုသာတွေးလိုက်ပြီး ထိုအကြောင်းအရာအပေါ် သိပ်ပြီးမတွေးခဲ့မိပေ။

ကိုယ်ပိုင်စာကြည့်ချိန်ပြီးဆုံးသွားတဲ့နောက် ဝမ်ဟောင်ကသူ့လွယ်အိတ်ကို ပုခုံးပေါ်တင်လိုက်ပြီး ထွက်ခွာရန်ပြင်လိုက်သည်။ သူ့ဘေးမှာထိုင်နေတဲ့ ကျန်းယန်က သူ့လက်ကောက်ဝတ်ကိုဆွဲပြီးပြောလိုက်သည် " စကားပြောရအောင် "

ဝမ်ဟောင် အမူအရာကတစ်ခါထဲပြောင်းသွားသည်။ သူက ကျန်းယန်သူ့ကိုထိတာကိုမုန်းသလိုမျိုး သူ့လက်ကိုအဝေးသို့ဆွဲထုတ်လိုက်၏။ အားအလွန်အကျွံသုံးလိုက်တာကြောင့် သူ့ခန္ဓာကိုယ်က သူ့အနီးမှာရှိသည့်အတန်းဖော်၏ခုံဘက်သို့ယိုင်ထိုးသွားသည်။ " ငါ့ကိုမထိနဲ့ " သူကမျက်လွှာကိုချပြီး ကျန်းယန်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲ အတန်းထဲကပြေးထွက်သွားတော့သည်။

ထိုအခြေအနေက အတန်းထဲကလူတိုင်း၏အာရုံစိုက်မှုကိုရရှိသွားတော့သည်။ ကျန်းယန် မျက်နှာပေါ်မှာမှောင်မိုက်မှုတို့က ဖြတ်ခနဲပေါ်လာပြီး မြန်မြန်ပဲပျောက်ကွယ်သွား၏။ ကျန်းယန်က ဘာအမူအရာမှမရှိပဲ သူ့လွယ်အိတ်ကိုဆွဲ၍ထွက်သွားတော့သည် ထိုနေရာတွင်ယခင်ကဘာတစ်ခုမှမဖြစ်ခဲ့သလိုမျိူး။ ရှယောင်ကသူ့ခေါင်းလေးကိုစောင်းလိုက်ပြီး ကျန်းယန်ကို နက်နက်နဲနဲကြည့်လိုက်သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now