Chapter 26

16.1K 2.6K 132
                                    

[Unicode]

ဒိတ်လုပ်ကြစို့

ဝမ်ဟောင်က ကျန်းယန်ကိုတွဲပြီး ကားထဲဝင်နိုင်ရန်ကူညီပေးသည်။ ကျိုးတုက ဒေါသထွက်နေသောမျက်နှာကြီးဖြင့် အရှေ့ခုံမှာထိုင်နေပြီး ဝမ်ဟောင့်ကိုလည်း ဒေါသထွက်သောအကြည့်များဖြင့်ကြည့်နေသည်။

နဂိုထဲကတိတ်တိတ်နေတတ်သော ကျန်းယန်က အဆူခံရပြီး ငြိမ်နေသောဝမ်ဟောင်ကိုတွေ့တော့ သူကကာပြောပေးလိုက်သည် " ဒါကသူ့အမှားမဟုတ်ပါဘူး "

ကျိုးတုကမပျော်မရွှင်ဖြင့် ' ဟန့် ' ဟုအသံပြုပြီး သူ့မျက်နှာကပြန်ပြီးအေးစက်သွားပြန်သည် ထို့နောက် သူကစကားပြောခြင်းကိုရပ်ဆိုင်းလိုက်၏။

ဝမ်ဟောင်ကသူ့ခေါင်းကိုကိုင်ထားရင်း ကျန်းယန်၏ဘေးနားလေးမှာ ဘာစကားမှမပြောပဲ ထိုင်နေသည်။ သူက သူ့ဘေးကအဆင်ပြေနေခြင်း မရှိသော ကျန်းယန်ကိုကြည့်လိုက်ပြီး နောက်ဆုံးတော့ အသံတိုးတိုးလေးဖြင့် ' sorry ' ဟုပြောလိုက်သည်။

ကျန်းယန်က သူ့လက်ကိုမြှောက်လိုက်ပြီး အခြားတစ်ဖက်က ဝမ်ဟောင်၏ခေါင်းကဆံပင်များကိုဖွလိုက်သည်။ သူကသက်ပြင်းချလိုက်ပြီး " စာလုပ်ရတာကိုမင်းမကြိုက်ဘူးဆိုရင်လည်း ငါမင်းကိုနောက်ထပ်ဖိအားမပေးတော့ပါဘူး "

ဝမ်ဟောင်ကရုတ်တရက်ကြီးစိုးရိမ်သွားခဲ့သည်။ သူကမျက်နှာကြီးနီလျှက် ပြန်ပြီးထုချေခဲ့၏ " ငါအဲ့တာကို မကြိုက်တာမဟုတ်ပါဘူး "

ကျိုးတုကအေးစက်စက်ဖြင့် သူ၏စကားလုံးများကို ဖြတ်ချလိုက်သည် " သူ့ကြောင့်စိတ်အနှောင့်အယှက်မဖြစ်ခင်ထဲက ငါပြောသားပဲ သူကမျှော်လင့်ချက်မဲ့နေပြီလို့ "

ဝမ်ဟောင်က ဒေါသထွက်စွာဖြင့် ကျိုးတုထိုင်နေသည့်ခုံကို အနောက်ကနေကန်လိုက်၏။

နောက်ဆုံး ကျန်းယန်ကို ဆေးရုံကနေအိမ်သို့ပြန်ပို့ပေးချိန်တွင် အချိန်က ညဘက်ဆယ့်တစ်နာရီတောင်ရှိလို့နေခဲ့ပြီ။ ဝမ်ဟောင်နဲ့ကျိုးတုကငယ်သူငယ်ချင်းများ ဖြစ်ကြသည့်အလျောက် နှစ်ယောက်လုံးက တူညီတဲ့ရပ်ကွက်မှာနေကြသည်။ ဝမ်ဟောင်ကထိုသို့ထိခိုက်ဒဏ်ရာများဖြင့် အိမ်သို့မပြန်ချင်။ အိမ်ပြန်သည့်လမ်းတွင် သူကကျိုးတုကိုမေးလိုက်သည် " ဒီည မင်းအိမ်မှာ ငါ့ကိုနေခွင့်ပေးလို့ရမလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now