Chapter 13.1

18.3K 3K 48
                                    


[Unicode]

ငါတကယ်မင်းကိုမကြိုက်ဘူး (အပိုင်း ၁)

ဘတ်(စ်)ကားရပ်သွားတော့မှပဲ နှစ်ယောက်လုံးအသက်ရှူချောင်သွားတော့သည်။

ရှယောင်က ကျိုးတုနောက်ကနေ ခေါင်းလေးကိုငုံ့လျှက်လိုက်လာခဲ့သည်။ ခုနကဘတ်(စ်)ကားပေါ်မှာတုန်းက အချိန်တိုင်းကျိုးတုနဲ့ ထိနေခဲ့တာကြောင့် နောက်ပိုင်းသူအသက်ရှူရတာတောင်ခက်ခဲခဲ့ရသည်။

နှလုံးသားထဲတွင်တော့ ကျိုးတုကသူ့ကိုမကြိုက်တာ သူသိသည်။ သို့သော်လည်းတကယ့်အပြင်မှာလက်ခံဖို့ကတော့ခက်ခဲနေဆဲပင်။

ကျိုးတုကရှေ့ကနေလျှောက်နေခဲ့သော်လည်း စိတ်ကတော့ သူ့နောက်နားကနေလျှောက်နေသည့်ခြေလှမ်းလေးတွေအပေါ်တွင်ပဲတည်ရှိနေခဲ့သည်။ ဘတ်(စ်)ကားပေါ်မှာတုန်းက သူတကယ်ပဲရှယောင်ကို ဆွဲပြီးသူ့လက်မောင်းတွေထဲဆွဲထည့်ချင်ခဲ့တာဖြစ်သော်လည်း ထိုကောင်လေးသူ့ကိုရွံမုန်းသွားမှာစိုးခဲ့သည်။ ကားပေါ်မှာလူတွေအများကြီးရှိနေတာတောင်မှပဲ ထိုကောင်လေးကခေါင်းမာစွာဖြင့် ကျိုးတုနှင့်တော်တော်ဝေးအောင်သာနေခဲ့သည်လေ။

ရှယောင်ဘာတွေတွေးနေသည်လဲ ကျိုးတုတကယ်ကိုနားမလည်နိုင်တော့ပေ လူတစ်ယောက်ကိုကြိုက်တယ်ဆိုလျှင် ထိုလူနှင့်နီးစပ်ချင်ပြီး ထိုလူနဲ့ထိတွေ့ရဖို့ပိုပြီးအလိုရှိသင့်တာမဟုတ်ဘူးလား ဘာလို့ရှယောင်က ကျိုးတုနဲ့ထိတွေ့ရဖို့ကိုအဲ့လောက်ရှောင်ဖယ်နေရတာပါလဲ

ကျိုးတုအရင်တုန်းကမည်သူနှင့်မှမတွဲခဲ့ဖူး ဒါပေမယ့် သူရှယောင်အပေါ်စတင် ခံစားချက်ရှိလာပြီးနောက်ပိုင်း ရှယောင်ကိုထိတွေ့ချင်သည့်စိတ် ရှယောင်ကိုတွေ့ချင်သည့်စိတ် ထိုစိတ်တို့ကိုသူဘယ်လိုမှထိန်းချုပ်လို့မရခဲ့ပေ။

ထိုနေရာမှာတုန်းက သူတို့မတော်တဆ ထိမိသည့်အချိန် သူ့တစ်ကိုယ်လုံးဓာတ်လိုက်သွားသကဲ့သို့ခံစားခဲ့ရသည်။

ကျိုးတုသူ့အတွေးတွေထဲမှာနစ်မြုပ်နေတုန်း သူ့နောက်ကခြေလှမ်းလေးတွေက ရပ်တန့်လို့သွားခဲ့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now