Chapter 28

13.1K 2.6K 161
                                    

[မဖတ်ခင်လေးသတိပေးပါရစေ နည်းနည်းလေး မဆိုသလောက်လေး Adult ပုံစံလေးပါပါတယ်ရှင့် ကြည့်ကြပ်ဖတ်ကြပါရှင်]

[Unicode]

ကျိုးတုက သူ့ရဲ့အမြင်အာရုံထဲမီးရှူးမီးပန်းတွေပေါက်ကွဲထွက်နေသလိုမျိုး ခံစားလိုက်ရသည်

နှစ်ယောက်သားစားသောက်ဆိုင်ထဲကထွက်လာပြီးနောက် ကောင်းကင်ကြီးကမှောင်နေခဲ့ပြီးဖြစ်သည် သေးငယ်ပြီး အားထုတ်ကြည့်ရင်တောင် ဖျော့ဖျော့သေးသာမြင်ရသည့် ကြယ်လေးအနည်းငယ်ကတောင် မှိတ်တုတ်မှိတ်တုတ်ဖြင့် ကောင်းကင်ပေါ်မှာတောက်ပနေခဲ့ပြီ။

ကျိုးတုကစားသောက်ဆိုင်ရှေ့ကနေ ခြေလှမ်း အနည်းငယ်လောက်လှမ်းလိုက်ပြီး ရှယောင်ကို မဝံ ယ့မရဲကြည့်၍ သူကပြောလိုက်တယ် " ဒီနားလေးမှာပန်းခြံတစ်ခုရှိတယ်လို့ ကြားတယ် ငါတို့ခဏလောက်လမ်းသွားလျှောက်ကြမလား "

ရှယောင်ကကျိုးတုဘေးမှာရပ်နေပြီး လက်ထဲမှာလည်းကျိုးတုသူ့ကိုပေးထားတဲ့ ဝက်ဝံရုပ်လေးကိုပိုက်ထားသည်။ ကျိုးတုပြောတဲ့ပန်းခြံဆိုတာကို သူလည်းသိသည် နောက်ပြီးအဲ့ပန်းခြံကလည်း သူတို့ရောက်နေသည့် နေရာနှင့်သိပ်မဝေး။ သူတို့လမ်းမကြီးကိုဖြတ်သွားလိုက်ပြီး ထိုလမ်းမကြီးအရှေ့ ၁၂ မီတာလောက်လျှောက်လိုက်လျှင် ထိုပန်းခြံသို့ရောက်ရှိသွားမှာဖြစ်သည်။

အဲ့တာက ကန်ပန်းခြံတစ်ခုဖြစ်ပြီး သိပ်လည်းမကြီးသလို အရမ်းလည်းသေးမနေပါ ထိုနေရာသို့လူအတော်များများ လမ်းလျှောက်ဖို့လာကြပေမယ့် အများဆုံးကတော့ အတွဲတွေချိန်းတွေ့ဖို့အတွက်လာကြခြင်းဖြစ်သည်။

စျေးဝယ်စင်တာကြီးကအနီးအနားမှာရှိနေသည့်တိုင် တချို့အတွဲတွေကတော့ စျေးဝယ်ထွက်စားသောက်ပြီးတာနှင့် ထိုပန်းခြံလေးထဲမှာပဲလမ်းလျှောက်ထွက်တတ်ကြသည်။ ထိုပန်းခြံကိုစီစဥ်သူများ၏အတွေးကိုဘယ်သူမှမသိသော်ငြားလည်း သူတို့ကလမ်းမီးတိုင်လေးများကို မှိန်မှိန်လေးသာလင်းအောင်ဒီဇိုင်းဆွဲခဲ့ကြလေသည်။ အချုပ်အားဖြင့်ဆိုရလျှင် ထိုပန်းခြံကအတွဲတွေအတွက် ပိုပြီးချိန်းတွေ့လို့ကောင်းသည့်နေရာတစ်ခု ဖြစ်လာပေတော့သည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Tahanan ng mga kuwento. Tumuklas ngayon