Chapter 19

16.7K 2.8K 74
                                    

[Unicode]


ရှယောင်ဘာကြိုက်တတ်လဲငါ့ကိုကူပြီးရှာပေးစမ်းပါ

ကျိုးတုတစ်ယောက် ကျန်းရှီဝမ်အကြံပေးသည့်အတိုင်း ရှယောင်ကိုလိုက်ရန်တိတ်တဆိတ်ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ထိုနေ့ညသူအိမ်ပြန်ရောက်ရင် ရှယောင်ရဲ့ဒိုင်ယာရီစာအုပ်လေးကိုထုတ်၍ဖတ်ကြည့်ရန်စိတ်ထဲတွေးထားလိုက်သည်။ ပြန်ရောက်တော့လည်းတကယ်ဖတ်ကြည့်ခဲ့သည် ထိုအခါကျန်းရှီဝမ်၏စကားများကပိုပိုပြီး အဓိပ္ပါယ်ရှိလာသလိုလိုပင် ရှယောင်ကသူ့ရဲ့ဒိုင်ယာရီစာအုပ်ထဲမှာ ရှင်းရှင်းလင်းလင်းကို ကျိုးတုကိုချစ်တယ့်အကြောင်းရေးထားသည် ပြီးတော့ထိုအချစ်ကလ​ည်းလွန်ခဲ့သောနှစ်နှစ်ကစခဲ့တာဖြစ်သည် ဒါ့ကြောင့်ရှယောင်အနေနှင့်ကျိုးတုကိုမကြိုက်တော့ဘူးဆိုတာကပိုပြီးမဖြစ်နိုင်တော့

အဆုံးမှာတော့သူ့ရဲ့နှုတ်ခမ်းတွေကဂုဏ်ယူဝင့်ကြွားစွာအပေါ်သို့ကော့တက်လာခဲ့သည် ကျန်းရှီဝမ်ပြောခဲ့တာတွေကအမှန်ပဲဖြစ်ရမည် ရှယောင်ကသူ့ကိုမကျေမနပ်ဖြစ်နေတာမျိုးပဲဖြစ်လိမ့်မည်။

သူ့ခေါင်းထဲမှာထိုအကြောင်းများသာတွေးရင်း မျှော်လင့်ချက်အပြည့်ဖြင့် ကျိုးတုတစ်ယောက် အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့မနက်စောစော ဝမ်ဟောင်တစ်ယောက်အိပ်ရာမှထလာရသည့်ပုံမျိုးဖြင့်ကျိုးတု၏အိမ်ရှေ့တံခါးဝသို့ရောက်ရှိလာခဲ့သည် ကျိုးမိသားစုအိမ်က အိမ်အကူကဝမ်ဟောင်ကိုအိမ်ထဲသို့ခေါ်လာခဲ့သည်။

" ကျိုးတုရောဘယ်မှာလဲ သူအိပ်နေတုန်းလို့တော့မပြောနဲ့နော် " ဝမ်ဟောင်အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲရော ထမင်းစားခန်းထဲမှာပါ ကျိုးတုရဲ့အရိပ်လေးတောင်မတွေ့ရတာကြောင့် မေးလိုက်သည်။

ကျိုးမိသားစုက အိမ်အကူကမြန်မြန်ပဲပြန်ဖြေပေးလိုက်သည် " ကျိုးတုကအပေါ်မှာပဲရှိသေးတာ ဘာလို့အပေါ်တက်ပြီး သူ့ကိုသွားမကြည့်တာလဲ "

ကျိုးမိသားစုမှာ အိမ်အကူနှင့်ဒရိုက်ဘာရှိသော်လည်း ကျိုးတုအဖေကဘယ်တော့မှ ထိုလူတွေကိုကျိုးတုအားသခင်လေးဟုမခေါ်ခိုင်းခဲ့ပေ။ အိမ်အကူကကျိုးတုအမေထက်ပိုပြီးအသက်ကြီးတာကြောင့် ကျိုးတုမိဘတွေခေါ်သလိုပဲ ကျိုးတုဟုနာမည်တပ်ခေါ်တာကပိုအဆင်ပြေသည်။

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Donde viven las historias. Descúbrelo ahora