Chapter 17

16.9K 3.4K 49
                                    

[Unicode]

ဘယ်သူမှမချစ်ဘူးဆိုတဲ့နင့်ဆီကနေ အချစ်အနံ့လေးတွေငါရနေတယ်နော်


သူတို့နှစ်ယောက်သားတိတ်ဆိတ်စွာဖြင့်ပဲ လမ်းဘေးလေးမှာရပ်၍ကားစောင့်နေခဲ့ကြသည်။ ကျိုးတုကသူ့ပါးစပ်ကထွက်သွားသည့်စကားလုံးတွေအတွက်နောင်တရမိသော်လည်း သူ့မာနကတောင်းပန်ဖို့ရန်ခွင့်မပြုလေတာကြောင့် သူ့ခေါင်းလေးကိုအခြားတစ်ဖက်သို့လှည့်ထားရုံသာတတ်နိုင်ခဲ့တယ်။

ရှယောင်က ကျိုးတုဘေးနားလေးမှာပဲတိတ်ဆိတ်စွာမတ်တပ်ရပ်နေခဲ့သည်။

ကျိုးတုတို့အိမ်ကကားကမြန်မြန်ဆန်ဆန်ပဲရောက်လာခဲ့သည် အစကတော့ကျိုးတုက ရှယောင်ကိုအိမ်အရင်ပြန်ပို့ပေးရန်ရည်ရွယ်ထားခြင်းဖြစ်သော်လည်း ရှယောင်က ကျိုးတုကိုကားထဲဝင်ဖို့ကူညီပေးပြီးတာနှင့် ကျိုးတုပြောမည့်စကားကိုတောင်မစောင့်ပဲ ကျိုးတုဘေးနားမှာတစ်စက္ကန့်လေးတောင်မနေချင်တော့သည့်ပုံစံမျိုးဖြင့် အဝေးကိုခပ်မြန်မြန်ပဲထွက်သွားတော့သည်။

သခင်လေးကျိုးတုတစ်ယောက် မှောင်မဲနေသောမျက်နှာအနေအထားဖြင့်ကားထဲဝင်ထိုင်ပြီးနောက် ဒရိုင်ဘာကိုတစ်ခွန်းထဲပဲအမိန့်ပေးလိုက်သည် " အိမ်ပြန်မယ်! "

ရှယောင်ကတော့ကျိုးတုအနေနဲ့ရက်နည်းနည်းလောက် နားရက်ယူမည်ဟုထင်ခဲ့မိသော်လည်း ဘယ်သူကထင်ထားမည်နည်း ကျိုးတုတစ်ယောက်နောက်တစ်ရက်မှာပဲကျောင်းကိုပုံမှန်အတိုင်းပြန်တက်လို့လာခဲ့သည် လမ်းလျှောက်တဲ့နေရာမှာထော့နဲ့ထော့နဲ့ဖြစ်နေတာကလွဲလို့ပေါ့။

ဝမ်ဟောင်ကကျိုးတုအနားကိုချက်ချင်းပဲရောက်လာပြီးမေးတော့သည် " မင်းဒဏ်ရာကအပေါ်ယံရတဲ့ဒဏ်ရာလည်းမဟုတ်ပဲနဲ့ ဘာလို့ကျောင်းလာတက်ရတာလဲ "

ကျိုးတုကညင်ညင်သာသာလေးပဲပြန်ပြောလိုက်ပါတယ် " ကျိုးနေတာမှမဟုတ်တာ "

အားကစားအတန်းကိုယ်စားလှယ်ကလည်း အခြေအနေကိုနားလည်သည့်ပုံဖြင့် ကျိုးတုသို့လာပြီးပြောလိုက်သည် " မင်းခြေထောက်ကဒီလိုပုံစံနဲ့ မီတာသုံးထောင်တောင်ပြိုင်နိုင်ပါ့အုံးမလား "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now