Chapter 53

6.6K 1.2K 134
                                    

[Unicode]

သူ့ရဲ့ဒေါသတွေအားဖိနှိပ်ဖို့အတွက် ကြိုးစားခဲ့ရသည်။ ရှယောင်ကသူ့ရဲ့ပုံမှန်အသံသို့ အကောင်းဆုံးကြိုးစားထားထားရင်း " မဒမ် ပြောချင်တာများမရှိတော့ရင် ကျွန်တော်အရင်ပြန်နှင့်တော့မယ် " ရှယောင်ဟာပြောပြီးတာနှင့် ထွက်ခွာသွားဖို့အဆင်သင့်ဖြစ်လို့နေခဲ့သည်။

မမျှော်လင့်ထားစွာပဲ မစ်(စ်)ဝမ် ကသူမရှေ့ကကော်ဖီကိုတစ်ငုံသော​က်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည် " ရှယောင် သဘောတူညီချက်တစ်ခုလုပ်ရအောင် "

ရှယောင်က သူ့ခြေထောက်တွေကိုရပ်တန့်လိုက်၏။ သူကသူ့ခုံကိုပြန်လာထိုင်လိုက်ပြီး သူ့အရှေ့ကမိန်းမကြီးကိုမေးလိုက်သည် " ခဗျားတို့ကဘာလုပ်ချင်နေကြတာလဲ? "

မစ်(စ်)ဝမ်က သူမရဲ့ခေါင်းကိုခါလိုက်ပြီး ရှယောင်ကိုပြောလိုက်သည် " ငါတို့မဟုတ်ဘူး ငါတစ်ယောက်ထဲပဲ အဲ့ဒီ....ငါ့ယောကျ်ားကဒီအကြောင်းမသိဘူး "

ရှယောင်ကသူ့ကိုတိတ်တဆိတ်ကြည့်နေသည်။

မစ်(စ်)ဝမ်က သူမရဲ့ပါးစပ်ကိုဖွင့်လိုက်ပြီး ဆီလျော်သည့်မေးခွန်းတစ်ခုကိုမေးလာသည် " ဒီဆေးရုံနဲ့ပက်သက်ပြီး မင်းဘယ်လိုခံစားရလဲ? "

ရှယောင်က မျက်နှာပေါ်မှာဘာအမူအရာမှမရှိပဲ ဖြေလိုက်သည် " အရမ်းကောင်းတယ် "

မစ်(စ်)ဝမ် ကပြုံးပြီးပြောလိုက်သည် " ဒီဆေးရုံက ဝမ်မိသားစုတည်ထောင်ထားခဲ့တာလေ "

ရှယောင် သူ့လက်တွေကိုတင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိ၏။

" စားသောက်ဆိုင်, ဖျော်ဖြေရေး, အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း, ခရီးသွားလုပ်ငန်း..... ဒီ B မြို့မှာ ငါတို့ပိုင်တဲ့ စျေးဝယ်စင်တာတွေနဲ့ ကုမ္မဏီတွေအများကြီးရှိတယ် " မစ်(စ်)ဝမ်ကဖြည်းဖြည်းချင်းပြောနေရင်း ရှယောင်ကိုကြည့်နေသည်။

ရှယောင်ကဘာတစ်ခွန်းမှမပြောပေ။

" ငါတို့ဝမ်မိသားစုက B မြို့ရဲ့အချမ်းသာဆုံးမိသားစုကြီးမဟုတ်ပေမယ့်လည်း ငါတို့ရဲ့အဆင့်အတန်းကတော့မနိမ့်ကျဘူး။ ငါ့အဖေမှာသမီးတစ်ယောက်ထဲရှိတာ ပြီးတော့ ငါ့လက်ထဲမှာ ငါတို့မိသားစုရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းလည်းရှိသေးတယ် "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now