Chapter 38

11K 2.2K 144
                                    

[Unicode]

ရှယောင်အတွက် ကျိုးတုအမေပြင်ပေးထားသည့်လက်ဆောင်က ဖုန်းအသစ်တစ်လုံးဆိုတာကို ကျိုးတုတွေ့လိုက်ရသည်။ နောက်ဆုံးတော့ သူက သူ့အမေ၏သဘောထားကို နားလည်လိုက်၏။ သူမက ရှယောင်ကိုသူနဲ့အတူလက်ဆောင်လိုက်ယူခိုင်းခြင်းက ကျိုတု ရှယောင်ကိုတောင်းပန်နိုင်မည့် အခွင့်အရေးတစ်ခုဖန်တီးပေးခြင်းဖြစ်ပေလိမ့်မည်။

မျက်စိတမှိတ်အတွင်းမှာပဲ အောက်တိုဘာလကကုန်ဆုံးသွားခဲ့သည်။ နိုဝင်ဘာလက ကြည်လင်ပြီး လန်းဆန်းသည့်ဆောင်းဦးနှင့်အတူရောက်လာခဲ့၏။

နေ့လည်ခင်းဒုတိယအချိန်ကုန်ဆုံးပြီးနောက် ဝမ်ဟောင်က ဖက်တီးလေးကိုအဝေးသို့ကန်ထုတ်လိုက်ပြီး ရှယောင်ဘေးနားလာ၍တိုးတိုးလေးကပ်ပြောသည် " မနက်ဖန်က ကျိုးတုမွေးနေ့နော် မင်းသိရဲ့လား "

ရှယောင်က ကျိုးတုနဲ့နှစ်ပေါင်းများစွာချစ်လာပြီး အချိန်အကြာအကြီးအတူနေခဲ့ဖူးတာလေ သေချာပေါက် ကျိုးတုမွေးနေ့ကိုသူသိတာပေါ့။ သို့သော်လည်း ဝမ်ဟောင်ကသူ့ကိုဒီလိုပုံစံဖြင့်လာမေးသောအခါ သူကသူ့ခေါင်းကိုသာခါလိုက်ပြီး အပြစ်ရှိသလိုပုံစံလေးဖြင့်ပြောလိုက်သည် " ငါမသိဘူး "

" ကျိုးတုလည်းသိနေမယ်ဆိုတာငါပြောရဲတယ် သူကထပ်ပြီးသရုပ်ဆောင်နေပြန်ပြီ ဒီမှာကြည့် ငါ့မှာအကြံရှိတယ် ဟေး ဟေး သေချာနားထောင်နော် "

ရှယောင်ကမေးလိုက်သည် " ဘာအကြံလဲ "

ဝမ်ဟောင်က ကျိုးတုအခန်းထဲမှာမရှိတာသေချာတော့မှ ရှယောင်ဘေးနားတိုးကပ်လိုက်ပြီး သူ့အသံကိုလျော့ချလိုက်သည် " ငါသတင်းစာထဲမှာဖတ်လိုက်ရတာ မနက်ဖန်ကြယ်တွေကြွေမယ်တဲ့ အဲ့တာကြောင့်ငါတို့တွေမြို့ပြင်ထွက်ပြီး ကျိုးတုမွေးနေ့ပွဲလုပ်ရင်ရောဘယ်လိုလဲ အဲ့တာဆိုငါတို့တွေကြယ်ကြွေတာလည်းကြည့်ရမယ် မွေ့နေ့လည်းလုပ်လို့ရမယ် အဲ့တာကတော်တော်ကို Romantic ဆန်မှာပဲ "

" ကြယ်ကြွေတာ? "

" ဟုတ်တယ် ငါတို့တွေ ကျန်းယန်ကိုလည်းခေါ်သွားလို့ရတယ် ကျစ် အဲ့မရင့်ကျက်သေးတဲ့ကောင်ကလေ မကောင်းတဲ့ဆေးတွေများသောက်ထားလားမသိဘူး ငါ့ကိုလည်းဂရုမစိုက်တော့ဘူး "

© ကျွန်တော့်မိန်းမကကျွန်တော်သူ့ကိုမချစ်ဘူးလို့ပဲထင်နေတယ် [ဘာသာပြန်]Where stories live. Discover now