Birthday Special episode (UNI)

51.8K 5.3K 480
                                    

မိုးရာသီကုန်၍ နို၀င်ဘာလ ရောက်သည့်တိုင် နောက်ဆုံး နှုတ်ဆက်မိုးက တစ်ညလုံး သည်းစွာရွာသွန်းထားသည်။ အေးမြလတ်ဆတ်သော အငွေ့အသက်‌တို့က ပြတင်းတံခါးဆီမှ မျက်နှာကို လာရောက်ရိုက်ခတ်သည်။

အိပ်ရာထဲကို ပြန်၀င်လာသည့် ဘေးနားရှိ နွေးထွေးသော ဖြစ်တည်မှုတစ်ခုကို ခံစားသိရချိန်တွင် မျက်လုံးများကို မဖွင့်သေးဘဲ လက်ကို လှမ်းမိသည်။ ‌သေးသော ခါးလေးကို ထိမိချိန်တွင် လက်ဖြင့်ဆွဲယူ၍ ရင်ခွင်ထဲထည့်ကာ တိုးဖက်လိုက်သည်။

မွှေးပျံ့သော shampooနံ့တို့က နှာ၀တွင် လာကျီဆယ်သည်။ လတော်တော်ကြာအောင် ဖြတ်သန်းလာပြီးသည်အထိ သူတို့နှစ်ဦးချစ်ခရီးမှာ ဆူးညှောင့်ခလုတ်ကို မကြုံခဲ့ရသေးပါ။ ချစ်ခြင်းတရား၊ မြတ်နိုးခြင်းနှင့် သစ္စာတရားတို့ ထပ်တူညီကြလျှင် အချစ်ရေးဟာ တည်မြဲပါ၏။

ခြံထဲတွင်ရှိသော သရက်ပင်၏ သစ်ရွက်များ လှုပ်ခတ်လာလျှင် အေးစိမ့်၍ သန့်ရှင်းသော လေပြည်က အခန်းထဲရှိ စောင်ထဲတွင် ကွေးနေသူနှစ်ဦးကို ပိုမိုနီးကပ်သွားစေသည်။

အနည်းငယ် မျက်နှာကို ငုံ့လိုက်သည်နှင့် ထပ်တူကျလျက်ရှိသော နှဖူးပြင်လေးကို တစ်ချက် မွှေးကြူရင်း ထိုမျက်နှာလေးကို ‌မြင်ရစေရန်အလို့ငှာ မျက်လုံးများကို ဖွင့်ကြည့်ရသည်။

ဖြူစင်ခြင်း၊ သန့်ရှင်းခြင်းနှင့် မျက်နှာသစ်ပြီးကာစ စိုစွတ်နုနယ်သော ပါးဖောင်းလေးများ ပိုင်ဆိုင်သည့် ချစ်ရသူကို မြင်တွေ့ရချိန်တွင် ထိုတစ်နေ့တာဟာ သာယာကြည်နူးမှုအပေါင်း ခညောင်းသွားသလိုပင်။

လက်ညိုးကို အသုံးပြု၍ မျက်တောင် ရှည်လေးများ အုပ်မှိုင်းနေမှုကို တို့ထိလိုက်မိသည်။ ထိုမှတစ်ဆင့် နှာတံလေးကို လက်ဖြင့် အသာအယာထိ၍ အောက်သို့ ဖြည်းဖြည်းချင်း ဆင်းလိုက်လျှင် နှုတ်ခမ်းပါးများထက်တွင် လက်ညိုးကို ခဏနားစေသည်။

အနားသို့ရောက်အောင် တိုးသွားလိုက်ပြီး နှုတ်ခမ်းပါးလေးထက် အနမ်းကို ခြွေချလေလျှင် ပြန်မှေးနေသည့် ထိုကောင်လေးက နိုးလာချေပြီ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now