P 13

47.2K 6.8K 26
                                    

"Good morning မီးမီး ဒီနေ့မနက်အတွက်ရော ဆေးသောက်ပြီးပြီလား"

"ဟုတ်ကဲ့"

ရှင်မင်းမြတ်ဆိုသည့် လူနာကလေးမလေးက သူမနေ့က ဘာမှ မလုပ်ထားသည့်အတိုင်း မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ရှာသည်။

"ဟုတ်ပြီ ဒီနေ့ မီးမီးရဲ့ အဖိုးနဲ့အဖွားလာမယ်တဲ့ အားရှိအောင် တစ်ရေးအိပ်ရမယ်နော်"

"ဟုတ်"

ဒီနေ့ ရှင်မင်းမြတ်၏ အခြေအနေက အဆင်ပြေနေတာမို့ ဒွန်း ဘာမှ သိပ်စိတ်ပူစရာ မရှိပါ‌။ နေ့လည်စာစားချိန် မရောက်မှီ round လှည့်ပြီးတော့ ရုံးခန်းထဲ ခဏပြန်ကာ အနားယူ‌နေရသည်။

မနက်က ဒွန်း ဆေးရုံမလာခင် နိုဗယ်လင်းက မနက်စာထွက်မပြင်ဘူးဟု ကြီးကြီးကပြောသည်။ ပြီးတော့ ဒွန်း ထွက်လာချိန်ထိ အိပ်ရာမထသေး။ မနေ့က ဆေးရုံမှာ ရှင်မင်းမြတ်က ရိုက်လိုက်ပြီးနောက် တစ်ချိန်လုံး ငြိမ်ကျနေသည်ကိုတော့ သတိထားမိသည်။ မဖြစ်သေး ဖုန်းဆက်ကြည့်ရမည်။ ဒွန်းနေခ အနေနဲ့ မဟုတ်ရင်တောင် စိတ်ရောဂါကု ဆရာ၀န်တစ်ယောက်အနေနဲ့တော့ နိုဗယ်လင်းကို စိတ်ပူနေရသည်ကိုတော့ ဒွန်း ၀န်ခံသည်။

ဒူ......ဒူ......ဒူ

"ဟယ်လို ကြီးကြီး နိုဗယ်လင်း အဆင်ပြေရဲ့လား"

တစ်ဖက်က ဖုန်းကိုင်လိုက်တာနဲ့ ဒွန်း မေးဖြစ်သည်က နိုဗယ်လင်း၏ စိတ်အ‌ခြေအနေပဲ ဖြစ်သည်။

"သားရေ မင်းညီလေးက အခုထိ အခန်းထဲက မထွက်ဘူး ကြီးကြီးတို့လည်း သူ့အခန်းရှေ့မှာရပ်ပြီး ထွက်လာဖို့ ပြောတာလည်း မရပါဘူး"

"သူ့အခန်းတံခါးသော့က ကျွန်တော့အခန်းထဲမှာရှိတယ် ၀င်ယူပြီး ဖွင့်လိုက်နော် ပြီးရင် ကျွန်တော့ကို အခြေအနေပြန်ပြောပေးနော်"

အရေးအကြောင်းဆို အဆင်ပြေအောင် နိုဗယ်လင်း၏ အခန်းသော့ကို ဒွန်းယူထားလိုက်မိတာ တော်သေးတာပေါ့ဟု တွေးလိုက်မိသည်။

"ဒွန်းရေ ထမင်းသွားစားမယ်လေ"

စောရတု လာခေါ်တော့ ဒွန်း နေ့လည်စာစားရန် လိုက်သွားမိသည်။ ဖုန်းကိုတော့ မမေ့မလျော့ယူသွားခဲ့သည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now