P 33

46.1K 6.5K 369
                                    

ဒွန်းက လှည်ကူးမြို့နယ်တစ်ဝိုက်ကို စုံစမ်းကြည့်တော့ သတင်းအမျိုးမျိုးကြားရသည်။ တချို့က မေတ္တာစေရာကျောင်းတွင် လူသတ်မှုဖြစ်ဖူးခဲ့သည်ဟု ဆို၍ တချို့က လူသေမှုဖြစ်ပွားခဲ့ဖူးသည်ဟု ဆို၏။ တချို့ကလည်း ဘာသတင်းမှ မကြားဖူးဘူးဟု ဆိုလေသည်။

ဒွန်းကတော့ ရေရာသည့်သတင်းမရသည် ဖြစ်တာကြောင့် သူ့အထင်ပဲ မှားလေသလားဟု သံသယ၀င်လာရသည်။ နိုဗယ်လင်းက ခဏတာ စိတ်အခြေအနေမကောင်းတာကြောင့်ပဲ ဖြစ်လေသလား ဝေခွဲမရပါ။

ဒါပေမယ့် နိုဗယ်လင်းကတော့ တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည့်ပုံဖြစ်နေသည်မှာ အချိန်တော်တော်ကြာနေလေပြီ။ ဒွန်းတကယ်ပဲ ဘာလုပ်ပေးရမှန်း မသိတော့ပေ။ ဆေးရုံနားရက်က ကုန်သွားပြီမို့ သူဆေးရုံတော့ သွားရဦးမည်။

"နိုဗယ်လင်း အခန်းထဲမှာပဲ မနေနဲ့တော့၊ ဒီနေ့ ငါ့ကို နေ့လည်စာ လာပို့ပေးနော်၊ ၁၀နာရီလောက်ကျရင် ငါတက်စီလွှတ်လိုက်မယ်"

နိုဗယ်လင်းကို အခန်းအောင်းမနေစေချင်သောကြောင့် ဒွန်း ကြံဖန်ခိုင်းရသည်။ ဒီတစ်ခါတော့ နိုဗယ်လင်းက မငြင်းပဲ ခေါင်းသာညိတ်ပြသည်။ ဒွန်း သူ့ကိုကြည့်ရင်း တွေးမိသည်။ နိုဗယ်လင်း စကားမပြောတာလည်း တော်တော်ကို ကြာနေပြီ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ နိုဗယ်လင်း ဆေးရုံလာလျှင်တော့ ရှင်မင်းမြတ်ရှိတာကြောင့် အပျင်းပြေလိမ့်မည်ဟု ဒွန်းထင်သည်။

"ဪ ပြီးတော့ မင်းအတွက်ပါ ထည့်ခဲ့နော် ငါနဲ့အတူ စားမယ်၊ ကြားလားလို့ ငါပြောတာ"

နိုဗယ်လင်းက အဖတ်မလုပ်တာကြောင့် ဒွန်းက အသံကို တမင်ဖိ၍ ပြောရသည်။ ထိုအခါမှ ခေါင်းကို ညိတ်ပြသည်။ ဘာပဲဖြစ်ဖြစ် နိုဗယ်လင်း အပြင်ထွက်ချင်စိတ် ရှိတာကိုပဲ ကျေးဇူးတင်ရတော့မည်။

ဒီနေ့ ဒွန်း သိပ်စိတ်မကြည်ပါ။ နိုဗယ်လင်းကို ထမင်းလာပို့ဖို့ မှာထားပေမယ့် အခုထိ ပေါ်မလာသေးဘူး။ ကြီးကြီးကတော့ ထွက်သွားတာကြာပြီဟု ပြောသည်။ ဒါဆို နိုဗယ်လင်းက ဒွန်းဆီကို မလာဘဲ ဘယ်ရောက်နေရတာလဲ။

ဒွန်း စိတ်ပူလာသည်။ဒီအချိန်ဆို သူရောက်သင့်နေပြီ။ ၁၂နာရီတောင် ခွဲနေပြီဖြစ်သည်။ နိုဗယ်လင်း ဖုန်းကလည်း ဆက်သွယ်မှု ဧရိယာအပြင်ဘက် ရောက်နေသည်။ ကြံရာမရသည့် အဆုံးတွင်တော့ တက်စီသမား၏ ဖုန်းကို လှမ်းဆက်ရတော့သည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now