P 45 Uni(Goodbye to Doon and Noh Noh)

67.7K 6.5K 909
                                    

ဒွန်းနေခတို့ မူးတဲ့ည
--------------

ဒွန်း အသက်နှစ်ဆယ့်နှစ် နှစ်ပြည့်သည့်နှစ်တွင် ဒွန်း၏ ဆေးကျောင်းက သူငယ်ချင်းများနှင့်အတူ နှုတ်ဆက်ပွဲ ကျင်းပရသည်။ ထိုနေ့က သူ့သူငယ်ချင်းအချို့ကို အရက်မူးရင်း ပြောပြဖြစ်သည်က သူ့မှာ ညီလေးတစ်ယောက် ရှိသည့် အကြောင်းပင် ဖြစ်သည်။

‌လူငယ် သဘာ၀ သောက်စား မူးယစ်ကြရင်း တစ်ဦးအကြောင်း တစ်ဦးဖော်ကောင်လုပ်ရင်းဖြင့် ထိုညက ပျော်စရာတော့ကောင်းသည်။

"မင်းညီလေးကို ဘာလို့ မုန်းနေရတာလဲ၊ မွေးစားထားတာဆိုပေမယ့်လည်း သနားစရာလေးပါကွာ"

"မင်းမသိပါဘူးကွာ"

သူငယ်ချင်း၏ စကားကို ဒွန်း လက်မခံနိုင်ပါ။ သူ နိုဗယ်လင်းကို မုန်းသလားဆိုတော့ သူမုန်းတာပေါ့။ ဒါပေမယ့် နိုဗယ်လင်း မရှိတော့ကတည်းက သူ့ဘ၀ကြီးက လုံး၀ကို တိတ်ဆိတ်သွားတော့တာပဲ။

"အပိုမပြောနဲ့ ဒွန်းနေခ၊ ဒီနေ့က မင်းညီရဲ့ မွေးနေ့လည်း ဟုတ်တယ်ဆို၊ အဲ့ဒါ ဖုန်းခေါ်လိုက်ပြီး နေကောင်း ကျန်းမာလား လောက်တော့ မေးလိုက်ပါကွာ"

"ဟာ မမေးချင်ပါဘူး"

"မင်းမမေးရင် ငါမေးမယ်၊ ပေးဖုန်းနံပါတ်"

"အေးလေ နင်ကလည်း နှစ်ယောက်တည်းရှိတော့တာကို ညီလေးကို မရက်စက်ပါနဲ့"

သူငယ်ချင်းတွေ ဝိုင်းလှော်ကြပေမယ့် ဒွန်းနေခ၏ လှေကတော့ တော်တော်နဲ့ မထွက်ချင်။ သူမသိဘူး။ အခုတလော နိုဗယ်လင်းကို သူဖုန်းမဆက်တာ ကြာပြီ။ ဖုန်းဆက်ပြီးရင်လည်း သူကသာ စကားတွေ ပြောနေပေမယ့် အင်း တစ်လုံးတောင် နိုဗယ်လင်းက စကားမပြန်ဘူး။

"သူတောင် ငါ့ကိုမခေါ်တာ မခေါ်နိုင်ဘူး၊ သူလည်း မလွမ်းဘူး၊ ငါလည်း မလွမ်းဘူး၊ အဲ့ဒါ ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးပဲ"

ဒွန်း၏ စကားအဆုံးတွင်တော့ သူငယ်ချင်းများက လက်လျှော့သွားကြလေတော့သည်။ သူ့တွင်လည်း နိုဗယ်လင်းနှင့် ပတ်သတ်လျှင် သံယောဇဉ်များများပြားပြား ရှိမနေပါ။

တူ....တူ....တူ

ဒွန်း၏ အိတ်ထဲက ဖုန်းက တုန်ခါလာချိန်တွင် ဒွန်းသည်ကား အရက်အမူးလွန်နေပြီ ဖြစ်သည်။
ပြီးတော့ ဆက်သည်က အန်တီနီလာဆိုသည့် contactဖြစ်တာကြောင့် ဒီချိန်သူ့ကို ဖုန်းဆက်ရင် နိုဗယ်လင်းပဲ ဖြစ်ရမည်ကို သူသိသည်။ အဘယ့်ကြောင့်ဆိုသော် ဒီနေ့က သူတို့နှစ်ဦးလုံး၏ မွေးနေ့ ဖြစ်သောကြောင့် ဖြစ်သည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now