ဒွန်းနေခကို သတ်ရန် ဦးစန်းဘိုက အချက်ပြသည်။ ရန်စစ်သက်က ဒီတိုင်းသတ်ရမှာကို သူနှမျောသည်။ သူက လူတွေကို နှိပ်စက်ရတာ ပိုကြိုက်သည်။ သူချက်ချင်း မသတ်လိုက်ချင်ဘူး။
"နေပါဦး ဦးလေးရဲ့၊ သူ့ကို ဘာမှတောင် မခံစားခိုင်းရသေးဘူး"
"မင်းအကျင့်ကို ခဏထားစမ်းပါကွာ၊ မြန်မြန်လုပ်ပြီး ပြီးတာပဲကို"
ရန်စစ်သက်က ခဏကြာအောင် စဉ်းစားသည်။ အဓိကက နိုဗယ်လင်းဖြစ်ပြီး ဒွန်းနေခက အခုထိ သူတို့အကြောင်းမသိသေးဘူး။ နိုဗယ်လင်း ထွက်လာအောင် မျှားခေါ်ရန် သူတို့ ဒွန်းနေခကို သုံးလို့ရနေသည်။
"ဦးလေးရယ် နိုဗယ်လင်းကို လိုက်မရှာချင်တော့ဘူး၊ သူထွက်လာအောင်ပဲ လုပ်ကြတာပေါ့၊ သူ့အကိုကို ရေထဲမှာ ရုန်းကန်နေရတာကို မကြည့်နိုင်လောက်ဘူးလို့ ကျွန်တော်ထင်တယ်"
ရန်စစ်သက်က ခါးသီးစွာပြုံးသည်။ ဒွန်းက မူးဝေနေသည်မှအပ အကုန်ကြားနေရသည်။ နိုဗယ်လင်းကို ဘာဖြစ်နေနေ ထွက်လာလို့မရဘူးလို့ သူပြောထားသည်။ ဒါပေမယ့် နိုဗယ်လင်းက ထွက်လာလိမ့်မယ်လို့လည်း သူထင်နေသည်။ သူ့လက်တွေကို ကြိုးတုပ်ပြီး တံတားဘက်ကို ဆွဲခေါ်သွားတာ ခံနေရသည်။ ခဏအကြာတွင်တော့ သူ့ခြေထောက်မှာ ကျောက်တုံးတစ်ခုကို ကြိုးဖြင့်တုပ်ချည်လာသည်။
ဒွန်းက သူတို့ကို စိုက်ကြည့်နေမိသည်။ သူနည်းနည်း ထပ်ပြီး အချိန်ဆွဲထားဖို့ လိုသည်။
"ကျွန်တော့ကို မသတ်ခင် အရင်ဆုံး ဘာလို့ နိုဗယ်လင်းကို သတ်ချင်ရတာလဲ ပြောပြပါ"
"မင်းမှာ အထွန့်တက်ခွင့် ရှိလို့လား၊ မင်းက ဘာမှ မသိပဲ သေသွားရမှာတော့ မဟုတ်ဘူး၊ ကန်အောက်ခြေမှာ မင်းသိချင်တဲ့ အဖြေတွေရှိတယ်"
ထို့နောက် ရန်စစ်သက်က စကားမပြောလိုတော့ဟန်ဖြင့် အနောက်ရှိ သစ်တောဘက်သို့ လှမ်းအော်သည်။
"နိုဗယ်လင်း၊ မင်းအကိုက မင်းနဲ့အတူ သေဖို့စောင့်နေတယ်၊ အခုထွက်ခဲ့ပြီး အတူလာသေလိုက်တော့"
နိုဗယ်လင်းက အဖြစ်အပျက်အားလုံးကို ကြည့်နေသည်။ သူမာလာကြော့လို မသေချင်ဘူး။ သူဒွန်းကိုလည်း မသေစေချင်ဘူး။ သူ့မျက်စိရှေ့မှာပဲ လူနှစ်ယောက်က တစ်ပုံစံထဲ ကြုံတွေ့ခဲ့ရသည်။
YOU ARE READING
2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) Completed
RomanceJust listen to the heart, everything will be okay