P 12

47.3K 7.6K 126
                                    

ကန်တင်းသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ ဒွန်းက နိုဗယ်လင်း၏ လက်ကို ဆွဲလာခဲ့ပြီး ဒဏ်ရာကြောင့်မူးနေလား အဆင်ပြေရဲ့လားကို ပြန်ပြန်ကြည့်နေမိသည်။

"ဒွန်း ဒီနေ့ နောက်ကျတယ်နော်၊ ဂျူတီမပြီးသေးလို့လား"

စကားလာပြောသူက ဒေါက်တာစောရတု ဖြစ်သည်။ စောရတု သည် ဒွန်းဆေးရုံစရောက် ကတည်း အလုပ်အတူတူ တွဲလုပ်ခဲ့သော သူငယ်ချင်းဖြစ်ရာ နေ့လည်စာတွေ အရင်က အတူစားနေကြပင်။

"အင်း မဟုတ်ဘူး ငါ့ညီရောက်နေလို့"

"ဟမ် မင်းမှာ ညီရှိတာလား၊ မင်းက ပြောလည်း‌မပြောဘူး ၊သူလား မင်းညီက၊ Hello ညီလေး ကိုယ်က စောရတု"

သူစိမ်းဖြစ်တာကြောင့် နိုဗယ်လင်းက စကားပြန်ပြောမှာတော့ မဟုတ်ပေ။ ထို့ကြောင့် ဒွန်းကပဲ

"နိုဗယ်လင်းတဲ့၊ နယ်သာလန်မှာ ရောက်နေတာ ကြာပြီ ၊အခုမှပြန်လာတာ၊ ပြီးတော့ အဟမ်း"

ဒွန်းက မျက်နှာရိပ်မျက်နှာကဲ ပြပြီး နားထင်ကို လက်ညိုးနဲ့ထောက်ပြတော့ စောရတုက ချက်ချင်းနားလည်သွားသည့်ဟန် ဪ ဟုသာ ပြောရင်း ပါးစပ်ပိတ်သွားသည်။

"နှဖူးက ဘာဖြစ်တာလဲ"

"စောစောက caseတစ်ခု ဖြစ်သွားတာကွာ၊ နောက်မှ ပြောပြမယ်"

"အေး ထမင်းသွားယူလေ၊ သူ့ကို ငါနဲ့ ထားခဲ့လိုက်"

"အေး ခဏကြည့်ထားပေးနော်"

"အွန်း သွား"

ဒွန်း ထွက်သွားမှ စောရတုက အရှေ့မှာ ခေါင်းငုံ့၍ ထိုင်နေတဲ့ ကောင်လေးကို သေချာကြည့်မိသည်။ ဒွန်းနေခနှင့် လားလားမှ မဆိုင်သော ရုပ်ရည်ကြောင့် ညီအကိုဆိုတာကို ဒွန်းမှ မပြောရင် ယုံမည်မဟုတ်။

အပြာနုရောင် ရှပ်လက်ရှည်‌လေးကို အဖြူရောင်တီရှပ်ပေါ်က ထပ်၀တ်ထားပြီး အဖြူရောင် ဘောင်းဘီတိုလေးနှင့် ကောင်လေးက အလယ်တန်းကျောင်းသားလေး သဖွယ် ငယ်ရွယ်လွန်းသည်။ ဖြူနုနေသည့် အသားရည်နဲ့ ပါးဖောင်းဖောင်းလေးတွေက နူးညံ့ဖြူစင်သည့် အသွင်ကိုဆောင်နေသည်။

"ညီလေး အသက်ဘယ်လောက်ရှိပြီလဲ"

နိုဗယ်လင်းကမူ ‌စောရတုကို အဖတ်လုပ်၍ ပြန်ဖြေမည် မဆိုထားနှင့် မော့တောင်မကြည့်ပါ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now