P 34

45.4K 6.6K 512
                                    

Warning❗❗

ထိုနေ့က နိုဗယ်လင်း ညဘက် အိပ်မပျော်သဖြင့် ကလေးများအတွက် ခင်းပေးထားသည့် စောင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့် ဖြစ်နေသည်။ သူဒီနေ့ နေ့လည်က အကြာကြီး အိပ်ထားသည့်အပြင် စန္ဒာ့ကို မတွေ့တာလည်း နှစ်ရက်လောက် ရှိနေပြီ။

သူတို့ အိပ်ဆောင် တံခါးကို လူတစ်ယောက်ကဖွင့်ပြီး ယိမ်းယိုင်စွာ ၀င်လာသည်။ ပြီးတော့ အစွန်းဆုံးမှာ ရှိသည့် သူတို့ထဲတွင် အသက်အကြီးဆုံး မိန်းကလေးကို ပခုံးပေါ်ထမ်း၍ ခေါ်သွားတာ မြင်ခဲ့ရသည်။ သူလည်း ‌အနောက်ကလိုက်၍ ချောင်းကြည့်ခဲ့သည်။ ထိုလူကြီးက ကြောက်ဖို့ကောင်းသည်ဟု နိုဗယ်လင်းထင်တာကြောင့် အစကတည်း ထိုလူ့နားမကပ်ခဲ့ပေ။သို့သော် ကလေးပီပီ စူးစမ်းချင်စိတ်က ကြီးစိုးသွားသည်။

သူအနောက်က လိုက်လာရင်းဖြင့် ထိုလူက ကြမ်းပြင်တွင်ရှိနေသော သံဗန်းကို ဆွဲဖွင့်ပြီး ထိုအောက်ရှိ လှေကားဖြင့် အောက်သို့ ဆင်းသွားသည်ကို မြင်နေရသည်။ သူ့အသက်က လေးနှစ်ပဲ ရှိသေးတာကြောင့် ထိုလှေကားများကို ဖင်ထိုင်ရင်းပဲ လျှောဆင်းခဲ့ရသည်။ သူဖြည်းဖြည်းချင်း လိုက်နေရင်း အခန်းအကွယ်နားတွင် ထိုလူက ပျောက်သွားသည်။ ပြီးတော့ သူလိုက်ရင်း ခဏအကြာတွင် သူ့ရှေ့ကို ရုတ်တရက်ပေါ်လာသည်။

"နိုနိုလေးလား၊ ဘာလဲ အိပ်မပျော်ဘူးလား၊ ကိုကို ပြောထားတာ မေ့နေပြီလား၊ စပ်စုတတ်တဲ့ ဘဲငန်းပေါက်က ဂုတ်ချိုးခံရတတ်တယ်၊ ဒါပေမယ့် မင်းက စကားမပြောတတ်တော့ မမြင်ချင်ယောင်ဆောင်ပေးရင် ရပြီ"

ထိုလူက သူ့ခါးကနေ လက်တစ်ဖက်ဖြင့် ပွေ့၍ အခန်းတစ်ခု အတွင်းသို့ ခေါ်သွားနေသည်။ မာလာကြော့က ထိုအခါမှ အိပ်ရာမှ နိုးလာသည့်ဟန်။

"ဟင် ကိုသက် ဘာလုပ်တာလဲ သမီးကို ချပေး"

မာလာကြော့က စတင်အော်ဟစ်သောင်းကျန်းလေသည်။ အသက်၁၂နှစ်အရွယ်တွင် ကျောင်းသို့ ရောက်လာသည်မို့ နှစ်နှစ်အကြာတွင် အသက်၁၄နှစ်ဖြင့် ကလေးများအကြား အသက်အကြီးဆုံး ဖြစ်သည့် မာလာကြော့ကို ထိုင်းဘက်ကို ရောင်းရန် သူတို့စီစဉ်ထားခဲ့ကြသည်။ မြီးကောင်ပေါက်စ အရွယ်ကဲ့သို့ ဖွံ့ထွားမှု မြန်သည်ဖြစ်၍ ရန်စစ်သက်က ကြာကြာတော့ ပခုံးပေါ်ထမ်းမထားနိုင်ပါ။ အခန်းထဲရှိ ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး တံခါးကို သော့ခတ်လိုက်သည်။ ပြုတ်ကျသည့် အရှိန်ကြောင့် မာလာကြော့က အမြန်မထနိုင်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now