P 5

53.9K 7.4K 77
                                    

ညအိပ်ရန် ဧည့်သည်အတွက် သီးသန့်ခန်းဟူ၍ ဒီအိမ်တွင် မရှိပါ။ ဧည့်သည်များလျှင် ကလေးများက စုအိပ်ကြပြီး သူတို့ရဲ့အခန်းကို သုံးစွဲခွင့် ပေးသည်။ ဧည့်သည်နည်းရင်တော့ ကလေးများနှင့် အခန်းမျှသုံးရသည်။

ဒွန်းက‌တော့ နိုဗယ်လင်း၏ အခန်းတွင်ပဲ အနားယူလိုက်ပါဟု အန်တီ နီလာ၏ ပြောကြားချက်အရ နိုဗယ်လင်း၏ အခန်းရှေ့သို့ ရောက်လာခဲ့သည်။ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် လှပသော ပန်းချီကားများ နံရံအပြည့်ထောင်ထားသည်။ ပြတင်းပေါက်တွင် အလှဆင်ထားသော တွဲလျားကျနေသော ရောင်စုံ စက္ကူကြယ်လေးများ၊ ကြိုးကြာငှက်လေးများနှင့် လိပ်ပြာလေးများကို မြင်တွေ့ရသည်။ အိပ်ရာခင်းက အပြာနုရောင်လေးဖြစ်ပြီး ဘေးနားတွင် လူတစ်ကိုယ်စာ ၀က်ဝံရုပ်ရှိသည်။ ထိုအရုပ်လေးက နိုဗယ်လင်း၏ ခြောက်နှစ်ပြည့် မွေးနေ့အတွက် ဖေဖေနဲ့မေမေက ၀ယ်ပေးခဲ့ခြင်းဖြစ်သည်။ သေချာပေါက် ဒွန်းမှာလည်း ၀က်ဝံရုပ်တစ်ပုံစံတည်းရှိသည်။ အဘယ်ကြောင့်ဆိုသော် နိုဗယ်လင်းနဲ့ ဒွန်းက မွေးနေ့မွေးရက် တူကြပြီး အသက်က‌ခြောက်နှစ်ကွာသည်။ ဒွန်းမလိုချင်သည့် အဝါရောင်၀က်ဝံကို နိုဗယ်လင်းကိုပေးခဲ့ပြီး အဖြူရောင်၀က်ဝံရုပ်ကိုတော့ ဒွန်းယူခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ နိုဗယ်လင်းက ဒွန်းဘာလုပ်လုပ် ဘာမှ ပြန်ပြောခြင်းတော့မရှိ။

ဒေါက် ဒေါက်...

"Come in"

တံခါးခေါက်သံကြောင့် ဒွန်းက ၀င်ခွင့်ပြုလိုက်သည်အထိ လူတစ်ဦးတစ်ယောက်မှ ၀င်လာခြင်း မရှိသေးပေ။

အိပ်ရာပေါ်က ထကာ တံခါးကို ကိုယ်တိုင်ဖွင့်လိုက်မှ အခန်းတံခါးရှေ့တွင် ရပ်နေသော နိုဗယ်လင်း၏ အရပ်က ဒွန်း ရင်ဘတ်နားကိုတောင် မမှီတမှီ။ ဒွန်းပဲ အရပ်ရှည်လာသလား ဒီကောင်လေးကပဲ ပိုပုသွားလေသလား။

"မင်းရဲ့ အခန်းပဲလေ ဘာလို့ မ၀င်တာလဲ ငါနဲ့အတူမနေချင်လို့လား"

ဒါ နိုဗယ်လင်းနဲ့ နှစ်ယောက်တည်း ရှိချိန်တွင် တွေ့မြင်ရမည့် ဒွန်းနေခပင် ဖြစ်သည်။
ခေါင်းလေးယမ်းပြကာ ဒွန်းကို ရှောင်၍ အခန်းထဲ၀င်ရန် ကြံနေသည့် နိုဗယ်လင်းကို အရှေ့ကနေ လက်ဖြင့်ပိတ်ကာ မဖယ်သေးပဲ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now