P 17

47.1K 7K 335
                                    

အလုပ်ကိစ္စတွေ မစခင် တနဂ်နွေတစ်ရက်လုံး အားနေသည်မို့ ပင်းတယနဲ့ အနီးအနား ဘုရားတွေ ပတ်ဖူးကြမည်ဟု အတိုင်အဖောက်ညီစွာ ချီတက်ကြသူများအနက် ဒွန်းနှင့် နိုဗယ်လင်းတို့ကတော့ ပါ၀င်ဆင်နွှဲသူများ သက်သက်သာ။ မြို့ထဲ၀င်လာတော့ နိုဗယ်လင်းက အိပ်ရေး၀သွားတာကြောင့် ထူထူထောင်ထောင် ဖြစ်လာသည်။ ရှမ်းခေါက်ဆွဲ ၀င်စားကြတော့ နိုဗယ်လင်းက တို့ဖူးနွေး ပူပူနွေးနွေးကို မှာစားသည်။

ပင်းတယအရောက်တွင်တော့ ကားကို အောက်မှာ ရပ်ထားပြီး တောင်တက်ကား ငှားကာ အပေါ်တက်ကြရသည်။ မတက်ခင် မျက်နှာသစ် ခြေလက်ဆေးဖို့လည်း ဒွန်းကပဲ နိုဗယ်လင်းကို ဂရုတစိုက် လုပ်ပေးရသည်။ နိုဗယ်လင်းကို ခေါ်မလာရင် အကောင်းသားဟု ခဏခဏ တွေးမိတာတော့အမှန်။

"နိုနိုလေး သက်သာသွားပြီလား"

မသီ၏ စိုးရိမ်စွာ မေးလာမှုကို နိုဗယ်လင်းက ခေါင်းညိတ်၍သာ ဖြေကြားသည်။

"ကိုယ့်ထက်အကြီးက မေးရင် ပါးစပ်ကနေ ပြန်ဖြေလေ နိုဗယ်လင်း"

ဒွန်းက မနေနိုင်စွာ ၀င်ပြောပြန်သည်။ ထိုအခါ နိုဗယ်လင်းက မသီကို ကြည့်၍

"Yes" ဟု အဖြေပေးလေသည်။ ကားပေါ်က ပါလာသော မိန်းကလေးများက နိုဗယ်လင်း၏ ပါးဖောင်းဖောင်းများကို အသည်းတယားယား ကြည့်နေကြသည်။

"နိုနိုလေး လာ မသီလက်ကိုဆွဲထား ဂူထဲက မှောင်တယ် လူမပျောက်ရင်တောင် ချော်လဲမှာစိုးလို့"

နိုဗယ်လင်းက နာခံစွာပဲ မသီ၏ လက်ကို ဆွဲ၍ အရှေ့ကနေ ထွက်သွား‌လေသည်။ ဒွန်းကတော့ လွတ်လပ်သွားပြီဖို့ အနောက်ကနေ အေးဆေးသာ လျှောက်လာဖြစ်သည်။

"ကိုဒွန်း"

ဘေးနားက ယှဉ်တွဲကာ လမ်းလျှောက်လာသည့် စောသဒ္ဒါဖြူကို ပြန်လည်ပြုံးပြ နှုတ်ဆက်ဖြစ်သည်။ မြောင်းဖောက်ပေးတာကို ရေမစီးရအောင် ဒွန်းကလည်း တုံးအသူတော့ မဟုတ်ပေ။ ပုရိသ ယောကျာ်းတစ်ယောက်ပေမို့ မိန်းမလှတော့ ဒွန်းလည်း ကြိုက်သည်။

"ဪ ဖြူ ဘာပြောမလို့လဲ"

"ဟို မနက်ဖြန် မြို့ထဲကို အဖွဲ့ခွဲပြီး သွားမယ် ပြောတယ် အဲ့ဒါ ကိုဒွန်းနဲ့အတူ ဖြူလိုက်လို့ ရမလားလို့"

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now