P 22

50.1K 7K 337
                                    

"ဒေါက်တာရေ ရှင်မင်းမြတ်က နိုးလာထဲက တစ်ယောက်တည်း စကားတွေ ပြောနေတာ စာရွက်တွေလည်း တစ်ရွက်ပြီး တစ်ရွက်ဖြဲပြီး လွှင့်ပစ်နေတယ် ကျွန်မတို့လည်း ပြောလို့မရဘူး ဖြစ်နေလို့"

ဆေးရုံရောက်ရောက်ချင်း ကြားလိုက်ရတဲ့စကားကြောင့် ရှင်မင်းမြတ်အခန်းကို ဒွန်း အပြေးတစ်ပိုင်း ရောက်လာခဲ့ရသည်။

ကုတင်ပေါ်မှာထိုင်ရင်း ရှင်မင်းမြတ်က တစ်စုံတစ်ရာကို ရေရွတ်နေသည်။ စာရွက်အပိုင်းအစတွေက ကြမ်းပြင်မှာ ပွကြဲလို့။ သူ့ပုံစံက စိတ်လွတ်နေသည့် လူတစ်ဦးနှယ်။ ရှင်မင်းမြတ်ရဲ့ အခြေအနေက ပိုဆိုးလာတာများလား။

"မီးမီး ဘာဖြစ်လို့လဲဟင် ဘာတွေများ တွေးနေလို့ စိတ်မကောင်းဖြစ်နေရတာလဲ"

ဒွန်းက မျက်နှာငယ်နှင့် အနားကပ်ကာမေးသည်။ ရှင်မင်းမြတ်က ဒွန်းကို မော့ကြည့်လာ‌ချိန်တွင် မျက်ရည်စတွေက မျက်၀န်းထဲမှာ ဝေ့ဝိုင်းလာသည်။

"ဦးဦး သူက မသေချင်ဘူးတဲ့"

"ဟင်"

သူ ဆိုတာ နိုဗယ်လင်းကို ပြောမှန်း ဒွန်းသိသည်။ ဒွန်း ဘာမှမပြောသာ။ နိုဗယ်လင်းအကြောင်းကို ရှင်မင်းမြတ်ရှေ့မှာ နောက်ဘယ်တော့မှ မပြောဖို့ ဆုံးဖြတ်ထားသည်မို့။

"သူက ဘာလို့ မသေချင်ရတာလဲဟင် ဦးဦးက သူ့ကို မုန်းနေတာတောင်မှလေ"

"အင်း ဘယ်လိုပြောရမလဲ ဦးဦးပြောသလိုပဲပေါ့ အားမလျှော့တဲ့သူက အသက်ဆက်ရှင်နိုင်မယ်လေ မီးမီးကငယ်ပါသေးတယ် စားချင်တာတွေ စားရဦးမယ် ပျော်စရာတွေလည်း ကြုံရဦးမယ် ဘာလို့ သေရမှာလဲ သူ အင်း နိုဗယ်လင်းက မီးမီးလောက်တောင် နားမလည်ပေမယ့် သူအသက်ဆက်ရှင်ရမယ်ဆိုတာကိုတော့ သူကောင်းကောင်းသိတယ် ဘယ်သူမုန်းမုန်း မမုန်းမုန်း သူမမှုဘူးလေ"

ရှင်မင်းမြတ်က ဒွန်း၏ စကားကို လေးလေးနက်နက် စဉ်းစားနေသည်။ ဒွန်းက လက်သီးဆုပ်ထားသည့် ရှင်မင်းမြတ်၏လက်ပေါ်ကို အုပ်ကိုင်၍ ပြုံးပြလိုက်သည်။ နွေးထွေးညင်သာမှု အပြည့်နဲ့ပေါ့။

"သမီးလည်း အသက်ဆက်ရှင်‌ချင်တယ် ဦးဦး"

ဒွန်း အံ့ဩမိသလို ပျော်လည်း ပျော်သွားရသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now