P 44

63.4K 7.7K 808
                                    

နိုနိုလေး၏ မှတ်တမ်း
---------------------------

ထိုနေ့က သူ့ဘ၀မှာ တစ်ခါမှ မမြင်ဖူးသည့် ခမ်းနားသည့်ပွဲတစ်ခုတွင် ဖြစ်သည်။ ဇေယျာနဲ့ ဇလပ် ပြောသည်က သူအကိုတစ်ယောက် ဒီနေ့ ရမည်ဟု။ ပြီးတော့ ဒီနေ့က စန္ဒာမပါပဲ ဖြတ်သန်းရမည့် သူ၏ ပထမဆုံး မွေးနေ့ပဲဖြစ်သည်။

"နိုနိုလေး မကြောက်နဲ့နော်၊ ကိုကိုက သားကို မြင်ရင် ပျော်သွားမှာ"

သနပ်ခါးရည်ကျဲပါးပါးလေးကို လိမ်းထားပြီး ဆံထုံးလေးကို သေသပ်စွာထုံးကာ ခေါင်းမှာ သစ်ခွပန်းလေး ပန်ထားသည့် ဇလပ်က သူ့အပေါ်မှာ စန္ဒာကဲ့သို့ ဂရုစိုက်ပေးသောသူပဲဖြစ်သည်။

မွေးနေ့ပွဲရှိသည်ဟု ဆိုပြီး သူ့ကို အင်္ကျီလှလှလေး ၀တ်ပေးထားပေမယ့် သူ့မျက်လုံးထဲမှာ ညအမှောင်ကိုပဲ မြင်နေရပြီး မာလာကြော့ကိုပဲ စိတ်စွဲနေသည်။ သူကစားဖို့ ၀ယ်ပေးထားသည့် ဆေးအရောင်တွေနဲ့ သူအတတ်နိုင်ဆုံး ပုံတစ်ခု ရေးဆွဲသည်။ သို့သော် လေးနှစ်အရွယ်က ငယ်လွန်းနေပြီး သူ့ပုံက ကလေးတစ်ဦး ဆွဲသည့် မရေမရာပုံက လွဲလို့ ဘာမှ ထွက်မလာခဲ့ဘူး။ သူကလည်း ကျောင်းကို မပြန်ချင်သလို ဇလပ်တို့ကလည်း ပြန်ပို့‌မပေးခဲ့ပါ။

မွေးနေ့ပွဲရောက်မှ အ၀တ်အစားတွေ ပေကျံနေပြီမို့ ဇလပ်က မိတ်ဆက်ပေးပြီးမှ အ၀တ်အစား ပြန်လဲပေးမည်ဟု ဆိုသည်။ သူပွဲထဲကို ၀င်သွားတော့ သူ့ထက်ကြီးသည့် ကလေးများကို တွေ့ရသည်။ ပြီးတော့ အားလုံး၏ အလယ်တွင် ရှိနေသည့် အဖြူရောင်၀တ်ဆုံနှင့် ကလေးတစ်ဦး။

ဇလပ်ပြောတာတော့ သူက နိုဗယ်လင်း၏ အကို ဒွန်းနေခပါတဲ့။ ဒါပေမယ့် အဲ့ဒီနေ့က ဒွန်းက ကျွန်တော့်ကို မလိုချင်ခဲ့ပါဘူး။

ကျွန်တော်တို့ အချိန်အများကြီး အတူရှိနေခဲ့ကြတယ်။ ဒွန်းကတော့ ကျွန်တော့်ကို အမြဲမလိုချင်ဘူးလို့ပဲ ပြောနေခဲ့တယ်။ ဒွန်းက ကျွန်တော့်ကို သဘောမကျဘူး။ တစ်ခါတစ်လေ အော်ငေါက်တယ်။ လူတိုင်းအပေါ် ပျူငှာတတ်တဲ့သူက ကျွန်တော်ကိုတော့ မနှစ်သက်ခဲ့ဘူး။ ကျွန်တော်သင်ခဲ့ရသမျှသင်ခန်းစာတွေထဲမှာ ဒွန်းက နားလည်ရအခက်ဆုံးပဲ။ ဒါပေမယ့်သူက အကုန်လုံးထဲမှာ ကျွန်တော့်ကို သာမာန်လူလို အဆက်ဆံဆုံးသူပဲ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now