P 39

53.5K 7.3K 732
                                    

ရန်စစ်သက်နှင့် ဦးစန်းဘိုကို တရားခွင် စီရင်သည့်နေ့ဖြစ်သည်။ အသက်တစ်ဆယ့်ငါးနှစ်အောက် ကလေးများကို စုစုပေါင်း ၁၃ယောက်အထိ သတ်ဖြတ်ထားပြီး သက်ငယ်မုဒိန်းမှုပေါင်းခြောက်မှုဖြင့် တရားစွဲခံရခဲ့ရသည်။ လူကုန်ကူးခံခဲ့ရသည့် ကလေးငယ် ၈ယောက်ကိုလည်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုသူနှစ်ဦးနှင့် အပေါင်းအပါသုံးဦးတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းကို ခံခဲ့ကြရသည်။

တရားခွင်‌တွင် ဒွန်းနေခ၏ လျှောက်လဲမှုဖြင့် နိုဗယ်လင်းကို စိတ်ကျန်းမာရေးအခြေအနေအရ မျက်မြင်သက်သေ ထွက်ဆိုခွင့် ရုတ်သိမ်းခဲ့သည်။ နိုဗယ်လင်းကို နည်းနည်းလေးမှ ထပ်ပြီး အခက်မတွေ့စေလိုသောကြောင့် ဒွန်းက ထိုသို့ လျှောက်တင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒွန်းနေခကတော့ မျက်မြင်‌သက်သေအဖြစ် တရားခွင်သို့ ဆင့်ခေါ်ခံရသည်။

ရန်စစ်သက်က လက်ထိပ်ခတ်၍ ဆွဲခေါ်ခံသွားရသည်အထိ အပြုံးမပျက်ဘဲ နိုဗယ်လင်းကို စိုက်ကြည့်နေသည်။ ပြီးတော့ သူက ဒွန်းနေခကို လက်ညိုးထိုးပြပြီး သူ့လက်ဝါးစောင်းနှင့် လည်ပင်းကို ကပ်ပြသည်။ ပြီးတော့ ပါးစပ်လှုပ်ရုံဆိုသည်။

"မင်းအကိုကို ငါသတ်ပစ်မယ်"

နိုဗယ်လင်းက ထိုအချင်းအရာကို မြင်လိုက်ရပြီး ကြောက်စိတ်ကြောင့် မေမိုးမဒီ၏ လက်ကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ဒွန်းနေခကတော့ အရှေ့တွင် ပြောဆိုနေသည်ဖြစ်ရာ ထိုအချင်းအရာကို မမြင်ပါ။

ထိုနေ့က ဒေါ်စန္ဒာလင်း ရောက်လာသည်။ နိုဗယ်လင်းကို ဖက်၍ တော်တော်ကြာအောင် သူငိုခဲ့သည်။ ဒေါ်စန္ဒာလင်းက ကျန်းမာရေးအခြေအနေ ဆိုးနေပြီ ဖြစ်ပြီး လမ်းမလျှောက်နိုင်တော့သဖြင့် ဝှီးချဲဖြင့်သာ သွားလာနေရသည်။ အချိန်သိပ်မကျန်တော့ဘူးဟုလည်း ကြယ်စင်လင်း ပြောသည်ကို ကြားသိရသည်။

အကယ်၍များ ဒေါ်စန္ဒာလင်း မရှိတော့ရင် နိုဗယ်လင်းများ စိတ်ထိခိုက်လေမလားဟု ဒွန်းတွေးမိသေးသည်။ သူစိတ်မထိခိုက်စေရန် ဒွန်းလုပ်ပေးနိုင်သည်က ပိုပြီး မေတ္တာထားပေးဖို့ပါပဲ။ ဘာပဲဖြစ်ဖြစ် နိုဗယ်လင်းကတော့ လုံခြုံသွားပါပြီ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedTempat cerita menjadi hidup. Temukan sekarang