P 26

48K 6.9K 104
                                    

ဒေါက် ဒေါက်။

ဒွန်း၏ရင်အစုံက အခုန်မြန်နေသည်။ သူတို့ အခုရောက်နေတာ ဒေါ်စန္ဒာလင်း၏ အိမ်ရှေ့တွင်ဖြစ်သည်။ တစ်ထပ်တိုက် လုံးချင်းအိမ်လေးက အမြင်နဲ့တင် အေးချမ်းလှသည်။

မနေ့က ကြီးကြီးကို လူနာစောင့်ရင်း ဖုန်း၀င်လာခဲ့သည်။ ဒေါ်စန္ဒာလင်း၏ သမီး ကြယ်စင်လင်း၏ဖုန်းပင် ဖြစ်သည်။ သူမ၏ မိခင်က နိုဗယ်လင်းကို အမြန်ဆုံးတွေ့ချင်နေပါသည်ဟု ဆိုလာသည်။ ဒွန်းလည်း ချက်ချင်းပဲ လက်ခံခဲ့သည်။

အိမ်ရှေ့တံခါးကို ခေါက်ပြီး လူစောင့်နေစဉ် နိုဗယ်လင်းက တံခါးပေါက်၀ကို စိုက်ကြည့်နေသည်။ သူလည်း ဒွန်းလို ရင်ခုန်နေမည်လား။

"၀င်ခဲ့ပါရှင့်၊ မေမေက သူ့အခန်းထဲမှာ စောင့်နေပါတယ်၊ စိတ်မရှိပါနဲ့နော်၊ မေမေက ခွဲစိတ်ထားတော့ လမ်းမလျှောက်နိုင်သေးလို့ပါ"

"အာ မဟုတ်တာ ကျွန်တော်တို့က အားနာရမှာပါ"

ကြယ်စင်လင်းညွှန်ပြသည့် အခန်းထဲတွင်တော့ အိပ်ရာပေါ်ထိုင်နေသည့် ဆံပင်ထိပ်တွေ ဖြူနေပြီဖြစ်သော မိန်းမကြီးကို တွေ့ရသည်။ ဇရာကြောင့် မျက်တွင်းများချိုင့်နေသော်လည်း သပ်ရပ်စွာ ဖီးသင်ထားသည့် ဆံနွယ်ရှည်များဖြင့် ဥပတိရုပ်က သန့်ရှင်းလှပြီး ဂရုဏာကြီးမားတတ်ဟန်ကို တွေ့မြင်ရသည်။

ထိုမိန်းမကြီးက နိုဗယ်လင်းကို အတန်ကြာအောင်စိုက်ကြည့်နေသည်။ ဒွန်းက အခန်းထဲ ၀င်ပြီး ခြေလှမ်းများကို ရပ်လိုက်သော်လည်း နိုဗယ်လင်းက ဆက်၍လျှောက်လှမ်းနေသည်။ ထိုမိန်းမကြီးထံသို့ တစ်လှမ်းချင်းစီ။

ဒေါ်စန္ဒာလင်းသည်ကား နိုဗယ်လင်းကိုအတန်ကြာ အကဲခတ် စိုက်ကြည့်နေပြီးနောက် အပြုံးနုနုက နှုတ်ခမ်းပေါ်တွင် ကော့တက်လာသည်။ သူမမျက်၀န်းများ နာကျင်လာသည်ကိုပင် ခံစားနေရသည်။ သူအခုမြင်နေရတာ ဟိုးငယ်ငယ်က သူချော့မြူထွေးဖက်ခဲ့သည့် ကလေးလေးဆိုတာ သူမယုံနိုင်သေးပေ။

"နိုဗယ်လင်း၊ နိုနိုလေး မင်းရဲ့ စန္ဒာလေကွယ် မှတ်မိရဲ့လား ကလေးလေး"

စကားလုံးများထွက်လာပြီးနောက် သူ၏တုန်ရီနေသည့်လက်များကို ဖွင့်ဟကာ နိုဗယ်လင်းကို ဆီးကြိုလိုက်သည်။ သူ၏မျက်၀န်းမှာ မျက်ရည်စများနဲ့ ဖုံးလွှမ်းသွားသည်။ ၁၄နှစ်တိတိ သူဒီကလေးနဲ့ ဝေးကွာနေခဲ့ရသည်။ အဆင်ပြေပါ့မလားလို့ တစ်ရက်တောင်မပြတ်ပဲ သတိရနေမိသေးသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now