P 18

47K 7K 239
                                    

နောက်‌နေ့မနက်မှာတော့ မြို့ထဲတွင် ပညာပေး ဟောပြောပွဲ လုပ်ကြသည်။ ဆေးပစ္စည်းများ လှူဒါန်းကြသည်။ နိုဗယ်လင်းက‌တော့ လူရှင်းသည့် နေရာနားမှာ ငေးမော၍ ပန်းချီဆွဲရင်း အချိန်ဖြုန်းနေသည်။

စောသဒ္ဒါဖြူသည် ဒွန်းနေခကို စိတ်၀င်စားနေကြောင်း သိသိသာသာပြလာသည်။ ဒွန်းကလည်း အလိုက်အထိုက် ဆက်ဆံရင်း အခြေအနေက တိုးတက်လာသည်ဟု ဆိုရမည်။ စံမင်းမြတ်က နိုဗယ်လင်းကို မပျင်းစေရန် စကားသွားပြောလေ့ရှိပြီး နိုဗယ်လင်းကတော့ ဒွန်းနေခကို ငေးနေတတ်သည်။ စံမင်းမြတ်က အကိုဖြစ်သူကို တော်တော်ချစ်သည့် ညီလေးဟု မှတ်ချက်ပေးလေသည်။

ဒွန်းတို့ အကုန်ပြီးစီးတော့ လုပ်ဖော်ကိုင်ဖက်များနှင့် နေ့လည်စာအတူ စားဖြစ်သည်။ နိုဗယ်လင်းကို တစ်ယောက်မှ သတိမရကြပဲ သူ့အဖွဲ့နှင့်သူ စားနေကြသည်။ သတိမရသည့် အကြောင်းမှာ တစ်ယောက်ယောက်ကတော့ နိုဗယ်လင်းကို နေ့လည်စာ ကျွေးပြီးပြီဟု တွေးမိကြသောကြောင့်ပင်။ ဒါပေမယ့် အကုန်လုံး၏ အတွေးက အတူတူဖြစ်နေသည်ကို မရိပ်မိကြသေးပေ။

နိုဗယ်လင်းက ပွဲနေရာ၏ ခပ်ဝေးဝေးမှာရှိတဲ့ အပင်အရိပ်အောက်မှာ ပုံဆွဲစာအုပ်လေးကို ကိုင်ပြီး ရေးခြစ်နေသည်။ သူ့ကိုလာနှောင့်ယှက်တဲ့သူလည်း တစ်‌ဦးမှ မရှိပေ။

ထမင်းစားနားပြီးတော့ ဒွန်းတို့ ဟော်တယ်ပြန်ရန် အထုတ်တွေ သိမ်းကြရသည်။ ကားပေါ်အထုတ်တွေ တင်ပြီးမှ နိုဗယ်လင်းကို သွားခေါ်ရန် ဒွန်းနေခက အပင်နားကို ဂျူတီကုတ်တကားကားနဲ့ ပြေးလာသည်။

"နိုဗယ်လင်း သွားမယ် ထ အဲ့ပုံက နောက်မှ ဆွဲတော့"

ပုံဆွဲနေသည့် ခဲတံကို လှမ်းယူလိုက်ပြီး ပုံဆွဲစာအုပ်ရှည်ကိုပါ ပိတ်ပစ်လိုက်သည်။ ပြီးတော့ နိုဗယ်လင်းကို လက်ကနေဆွဲ၍ ခေါ်လာခဲ့ရသည်။

ကားပေါ်ရောက်တော့မှ အရှေ့က မသီကို ဒွန်းက ကျေးဇူးတင်စကား လှမ်းပြောရသည်။

"မသီ နိုဗယ်လင်းကို နေ့လည်စာ ကျွေးပေးလို့ ကျေဇူးပဲနော်"

အပြုံးတစ်ခုနှင့် နူးညွတ်စွာ ဒွန်း စကားဆိုတော့ မသီက မျက်လုံးပြူးဖြင့် ပြန်ကြည့်လာသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now