P 25

48.4K 7.3K 174
                                    

"လူနာ ဒေါ်မြထား ခွဲစိတ်မှု အောင်မြင်ပါတယ် ဒေါက်တာ"

ခွဲခန်းထဲက ထွက်လာသည့် ဆရာ၀န်မလေးက ဒွန်းနားလာ၍ ဆိုလေလျှင် ‌ရင်ထဲက ဝေဒနာတစ်ရပ် လျော့သွားသလို ခံစားလိုက်ရသည်။ ကြီးကြီးက လက်ရှိတွင် အသက်ရှင်ကျန်ရစ်သော ဒွန်း၏ အမေဆိုလျှင် မမှားပေ။

"ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ပေါင်ပေါ်က နိုဗယ်လင်းကို လက်မောင်းကနေ အသာလှုပ်နှိုးတော့ ဘေးတစောင်း အိပ်နေရာက ပက်လက်အ‌နေအထား ပြောင်းလာသည်။ ကလေးတစ်ဦး၏ အသားအရည်သဖွယ် ဖြူဥနေသည့် မျက်နှာလေးမှာ မည်းနက်နေသည့် မျက်တောင်ရှည်လေးတွေက မျက်လုံးဝိုင်းများကို ပို၍ ပုံပေါ်စေသည်။

"နိုဗယ်လင်း ထတော့ ကြီးကြီး ခွဲစိတ်တာ ပြီးသွားပြီတဲ့ မင်းအခုထိ ဘာမှ မစားရသေးဘူးလေ"

နို‌ဗယ်လင်းက မျက်တောင်များကို ဖွင့်လိုက်ရင်း ဒွန်းကိုကြည့်သည်။ ပြီးတော့ အိပ်ရေးမ၀သည့်နှယ် ဒွန်း၏ ဗိုက်သားရှိရာဘက်ကို ပြန်လှည့်၍ အိပ်ပြန်သည်။ သူအသက်ရှူထုတ်လိုက်ချိန်တိုင်း ဒွန်း၏ ၀မ်းဗိုက်ကို အပူငွေ့လာရိုက်သည်။

နိုဗယ်လင်း၏ နားရွက်ဖျားကို အသာဆွဲ၍ ဒွန်းထပ်ပြောသည်။

"ထတော့လို့ နိုဗယ်လင်းရဲ့ မင်းမစားချင်လည်း ငါဗိုက်ဆာပြီ"

နားရွက်ဖျား ဒွန်းဆွဲလိုက်တော့ နာသလား။ ယားသလားမသိ။ သူ့နားကို အတင်းပြန်အုပ်သည်။ သူက နားကိုကိုင်တာ တကယ်မကြိုက်ဘူး ထင်သည်။

ပြီးတော့မှ ပေါင်ပေါ်က ထ၍ ခုံပေါ်ပြန်ထိုင်သည်။ မျက်လုံးများကို လက်နဲ့ ပွတ်နေတာကြောင့် ဒွန်းက လက်ကို ဆွဲယူလိုက်သည်။

"မျက်တောင်တွေ ကျွတ်ကုန်မယ် ပွတ်မနေနဲ့ မင်းအိပ်နေတာ အကြာကြီးပဲ လာ တစ်ခုခု သွားစားမယ်"

နိုဗယ်လင်းက ဒွန်းကိုကြည့်၍ ခေါင်းခါပြသည်။ နေ့လည် နှစ်နာရီတောင် ရှိနေပြီ သူမဆာတာတော့မဖြစ်နိုင်ဘူး။

"ဒါဆို လာ ကြီးကြီးကို အရင်သွားကြည့်ရအောင်"

ရှင်မင်းမြတ်ကတော့ ယခုအချိန်ထိ ခွဲခန်းထဲက ထွက်မလာသေးပါ။ သူ့အဖိုးနှင့်အဖွားက ခဏအကြာတွင် ရောက်လာသည်။ ရှင်မင်းမြတ်၏ အဖေနှင့်အမေကလည်း လာစောင့်တာကို တွေ့ရသည်။ ကြည့်ရတာ အဖိုးနှင့်အဖွားက အတင်းခေါ်လာဟန် ရှိသည်။ ခဏအကြာမှာတော့ ရှင်မင်းမြတ်ကို ခွဲစိတ်ပေးသည့် ဒေါက်တာက ထွက်လာပြီး ခွဲစိတ်မှုအောင်မြင်သည်ဟု ဆိုလေသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedKde žijí příběhy. Začni objevovat