P 35

49.2K 6.7K 395
                                    

ညနေစောင်းနေပြီဆိုပေမယ့် အလင်းရောင်တော့ ကောင်းကောင်းရနေသေးသည်။ မေတ္တာစေရာ မိဘမဲ့ကျောင်းကို မရောက်ခင် သစ်တောနားတွင် ကားတစ်စီးက ထိုးရပ်သွားသည်။ ကားထဲတွင်တော့ ဦးထုတ်ကို ငိုက်ဆောင်းထားပြီး ဘေးက ကောင်ငယ်လေးကို စိုက်ကြည့်နေသည့် လူတစ်ဦးရှိသည်။

"နိုဗယ်လင်း ထတော့ ရောက်ပြီ"

နိုဗယ်လင်းသည်ကား မျက်လုံးပင် မဖွင့်နိုင်လောက်အောင် လူတစ်ကိုယ်လုံး ထိုင်းမှိုင်းနေသည်။ ခဏအကြာတွင်တော့ သူမျက်လုံးဖွင့်လိုက်သည်နှင့် မြင်တွေ့ရသည့် မျက်နှာကြောင့် ကြောက်စိတ်ဖြင့် မျက်လုံးများပင် ပြူးသွားရသည်။ သူ‌နောက်ဆုံးသိခဲ့ရသည်က သူ ဒွန်းဆီ ထမင်းဘူးပို့ရင်း အနောက်မှ အ၀တ်စနှင့် အုပ်ခံခဲ့ရသည်ကိုပဲ ဖြစ်သည်။

နိုဗယ်လင်းက သူ့ကိုယ်လေးကို သေးသွားအောင် ကျုံ့ထိုင်ရင်း ကြောက်စိတ်‌က ကြီးလွန်း၍ မျက်လုံးတွေက မတည်ငြိမ်တော့ပေ။ သူ ထွက်ပြေးချင်သည်။ သို့သော် ထွက်ပေါက်ပင်မရှိ။

"ကိုကိုကတော့ မင်းကို လွမ်းနေတာ၊ မင်းရော ကိုကို့ကို မလွမ်းဘူးလား"

ရန်စစ်သက်က နိုဗယ်လင်းအနားသို့ ကပ်သွားရင်းပြောသည်။

"အဲ့ဒီနေ့က မင်းအားလုံးမြင်လိုက်တယ်မလား၊ ဟင် နိုနို"

ရန်စစ်သက်က နှုတ်ခမ်းကို လက်ညိုးနှင့်ထိပြပြီးနောက် ဆက်ပြောသည်။

"တိတ်တိတ်လေးတော့ နေခဲ့တယ်မလား၊ ကြည့်ရတာ မင်းအခုချိန်ထိ စကားမပြောနိုင်သေးဘူးပေါ့ ဟုတ်လား၊ ဟား ဟား ကောင်းလိုက်တာ၊ လောကမှာ လူကောင်းတွေကပဲ အမြဲနိုင်နေကြတာ မဟုတ်ဘူး၊ မင်းအကိုဆိုတဲ့ကောင်လည်း မင်းကို လာကယ်မှာ မဟုတ်ဘူး၊ ကယ်ခဲ့ရင်လည်း မင်းအကိုနဲ့အတူ မင်းကို ရေထဲမှာ ကြိုးချည်ထားပေးမယ်၊ အခုတော့ မင်းကိုအရင် လက်စဖျောက်ရမယ်"

ရန်စစ်သက်က နူးညံ့စွာပြုံးပြလိုက်ပေမယ့် နိုဗယ်လင်းကတော့ ကြောက်လွန်းလို့ ဒူးပင်တုန်နေချေပြီ။ ရန်စစ်သက်က ကားပေါ်က ဆင်းသွားပြီး နို‌ဗယ်လင်းဘက်က ကားတံခါးကို ဆွဲဖွင့်၍ နိုဗယ်လင်းကို ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။ နိုဗယ်လင်းသည်ကား ရုန်းရန်ပင် အားမရှိ။ ဆေးအရှိန်ကြောင့် သူ့ခြေလက်တွေ လှုပ်လို့မရပေ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedUnde poveștirile trăiesc. Descoperă acum