P 11

48K 6.8K 376
                                    

ဒွန်းအသက် ၁၀နှစ်ပြည့် မွေးနေ့တွင် ဖြစ်သည်။ အမေက အကြီးမားဆုံး လက်ဆောင် တစ်ခုရှိသည်ဟု ပြောသည်။ ကလေးပီပီ ထိုလက်ဆောင်ကို လိုချင်လွန်း၍ မျက်၀န်းလေးများတောက်နေသည်အထိ ပေးလာမည့် အချိန်ကို စောင့်မျှော်နေခဲ့သည်။

"သား နှုတ်ဆက်လိုက်ဦး ၊ဒါအခုချိန်က စပြီး သားရဲ့ ညီလေးပဲ၊ နိုဗယ်လင်းတဲ့"

ဆံပင်ဂုတ်ထောက်နဲ့ ပိန်လီလီ ကောင်လေးက အ၀တ်အစားကလည်း ညစ်ပတ်နေသည်။ မျက်နှာတွင် ပါးဖောင်းဖောင်းလေးများရှိသော်လည်း အမည်းတွေက ဟိုပေဒီပေ။ လက်များကလည်း မသန့်ရှင်းပဲ ဆေးရောင်တွေ ပေရေနေသည်။ ဒွန်း၏ သူငယ်ချင်းများက တီးတိုးပြောနေကြသည်။ ညစ်ပတ်တဲ့ ဒီကလေးကြောင့် သူတို့ စားတောင် မ၀င်တော့ဘူး ဟူ၍။

ဒွန်းရှက်သွားသည်။ ဒွန်းရဲ့ မွေးနေ့ကြမှ ဘာလို့ ဒီကလေးကို လက်ဆောင်ပေးရတာလဲ။ ဒွန်း မွေးနေ့ပွဲက ထွက်ပြေးခဲ့သည်။ မြက်ခင်းပြင်ပေါ်ထိုင်၍ အော်ငိုနေခဲ့သည်။

"မလိုချင်ဘူး ပြန်ခေါ်သွား"ဟုသာ အထပ်ထပ် အော်ဟစ်နေရင်းပေါ့။

နောက်နေ့မှာ ထပ်ပြီး သိလိုက်ရတာက ထမင်းကျွေးလို့လည်းမရ ရေချိုးပေးလို့လည်း မရသည့် ထိုကောင်လေးက စိတ်ကျန်းမာရေး ချို့တဲ့နေသည်တဲ့။ ဒွန်းကတော့ အရူးလို့ခေါ်ခဲ့သည်။ စရောက်ကတည်းက အဖေနဲ့အမေကို ဂျီကျခဲ့သည်။ အရူးကို ညီမလုပ်ချင်ဘူးဟူ၍။ အဖေဖြစ်သူက ဆူသည်။ အမေဖြစ်သူက ဆုံးမသည်။ ထိုကလေးကို အရူးလို့ မခေါ်ဖို့ပေါ့။

စိတ်ဖောက်လာလျှင် ရုပ်တည်ကြီးဖြင့် ပစ္စည်းများကို လွှင့်ပစ်သည်။ ရိုက်လည်း မငို ချော့လည်းမကြောက်။ ထိုကလေးကို ဒွန်းသိပ်မုန်းသည်။ ဒွန်းနဲ့ဆန့်ကျင်စွာပဲ တစ်အိမ်လုံးကတော့ သည်းသည်းလှုပ်ချစ်သည်။ မပြုံးမရယ်တတ်တဲ့ ကောင်လေးကို ဟာသတွေပြောပြပြီး သူ‌တို့ဘာသာ ရယ်မောကြသည်။

သူက သူများတစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်ဖို့ နေနေသာသာ သူ့ရဲ့ ခံစားချက်တောင် သူမသိဘူးတဲ့။

သူရေချိုးတော့မည်ဆို ဒွန်း‌ကပါ လိုက်ဖမ်းပေးရသည်။ သူ့ကိုရေချိုးပေးရင် ကိုယ်ပါရေစိုခံရသည်။ သူ့ကိုထမင်းကျွေးလျှင် ကိုယ်စားဖို့ပါ မေ့နေရတတ်သည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now