P 32

47.1K 6.7K 386
                                    

နိုဗယ်လင်းက စကားမပြောဘဲ ပန်းချီတွေချည်း ဆွဲနေတာ တစ်ပတ်လောက်ရှိပြီ။ ဒွန်းကိုယ်တိုင်လည်း ဘာလုပ်ပေးရမလဲ စဉ်းစားတိုင်း သူ့ဘေးမှာ သူ့ကိုထိုင်ကြည့်ရင်းပဲ အချိန်ကုန်သွားခဲ့ရသည်။ သူဆွဲသည့် ပန်းချီကားတိုင်းက ပုံစံတစ်မျိုးတည်းပဲ။ ‌

ရေကန်ကျယ်ကြီးမှာ ကန်တစ်၀က်လောက်ကို တံတားတစ်စင်း ထိုးထားသည်။ ကန်ရေပြင်ထက်မှာ လမင်းဖြူဖြူက ထိန်လင်းနေသည်။ ကလေးငယ်လေးတစ်ဦးက တံတားထက်မှာ ထိုင်နေပြီး ရေပြင်ကျယ်ကို ကြည့်နေခဲ့သည်။ ထူးခြားသည်က ထိုရေပြင်က အနီရောင်နှင့် အနက်ရောင်ကို သုံး၍ ဆွဲထားခြင်းဖြစ်သည်။

ဒီနေ့တော့ ဒွန်းသူ့ကို အခန်းထဲက ထုတ်ရမည်။ ထိုင်ခုံပေါ်မှာ ထိုင်ပြီး ဆေးရောင်စပ်နေသည့်သူကို တံခါးပေါက်ကနေ အသာချောင်းကြည့်ရသည်။ သူ့အာရုံက ပန်းချီကားပေါ်မှာပဲ ရှိသည်။

ဒွန်း ခပ်မြန်မြန် အခန်းထဲ ၀င်လိုက်သည်။ နိုဗယ်လင်းကို ဒူးခေါင်းကနေ ဆွဲမပြီး တစ်ကိုယ်လုံးကို ပခုံးပေါ်ပစ်တင်လိုက်သည်။ ဆေးရောင်ခွက်နှင့် စုတ်တံတို့က ကြမ်းပြင်ပေါ်ကို အရှိန်ပြင်းစွာ လွတ်ကျသွားသည်။ ကြမ်းပြင်တစ်ခုလုံးလည်း ပေရေနေ၏။

သူ့ခန္ဓာကိုယ်လေးကို ချီမရင်း ရေချိုးခန်းထဲ သယ်သွားရသည်။ bathtubထဲ အသာချပေးလိုက်တော့ ဒွန်းကို မျက်လုံးပြူးလေးများဖြင့် မော့ကြည့်လေသည်။ တကယ်ကို ဂျစ်ကန်ကန်ကောင်လေးပဲ။

"နိုဗယ်လင်း မင်းရေမချိုးတာ ဘယ်နှရက် ရှိနေပြီလဲ၊ ထမင်းတောင် အခန်းထဲ လာပို့ပေးရတယ်၊ ပန်းချီချည်းပဲ ထိုင်ဆွဲနေရုံနဲ့ မင်းအသက်မရှင်နိုင်ဘူးကွ၊ ရေချိုးရမယ် ငြိမ်ငြိမ်နေ"

နိုဗယ်လင်းက ဒွန်း၏ စကားကို နားမထောင်ပါ။ bathtubထဲက အတင်းတွန်းကန်၍ ထွက်သည်။ နိုဗယ်လင်းဘာလို့ အရင်ပုံစံအတိုင်း ပြန်ပြောင်းသွားရတာလဲ။

"နိုဗယ်လင်း မရုန်းနဲ့ ဟေး၊ ငါပါစိုကုန်ပြီလေ၊ မင်းငြိမ်ငြိမ်မနေရင် bathtubထဲမှာ နှစ်ထားလိုက်မှာ"

ထိုအခါနိုဗယ်လင်းက ငြိမ်သွားပြီး မျက်လုံးဝိုင်းလေးတွေဖြင့် ကြမ်းပြင်ကို ငေးကြည့်နေသည်။ ထိုအခါမှ ဒွန်း သက်ပြင်းချရသည်။ တော်သေးတယ် ရေထက် သူ့ကို နှစ်ထားမှာ ပိုကြောက်လို့။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now