Extra Part 4 (Zawgyi)

29K 2.5K 152
                                    

နိုနိုလေး၏ တောရွာခရီးစဉ် (၂) သိမ်း
_______________________________

ဒွန်း၏ တောင်းဆိုမှုကြောင့် မြသားဆွေက ဒွန်းတို့ မောင်နှမသုံးယောက်ကို ရေတံခွန်ရှိရာဆီ ခေါ်လာခဲ့သည်။ ညနေနေ၀င်ချိန်ဖြစ်သည်မို့ နေရောင်က မပူလွန်းသော်လည်း အရှိန်လေးတော့ ကျန်နေသေးသည်။

တောလမ်းကို ဖြတ်လျှောက်မှ စမ်းချောင်းလေးစီးဆင်းနေရာကို ရောက်လာသည်။ ရေက ကြည်လင်၍ အေးမြနေသည်။ ကြည်လင်လွန်းသောကြောင့် အောက်ခြေကြမ်းပြင်ရှိ ကျောက်ခဲ‌နှင့် သဲဖြူများကိုပါ မြင်နေရသည်။

ရွာသားတချို့နှင့် ကလေးများလည်း ထိုနေရာတွင် ရှိနေသည်။ နိုဗယ်လင်းက ရေကြောက်တတ်သည် ဖြစ်ရာ ကမ်းစပ်‌နားကနေ လိုက်မလာ။ ဒွန်းက အပေါ်အင်္ကျီချွတ်လိုက်ပြီး ဘောင်းဘီတိုနှင့် ရေထဲ ဆင်းသွားသည်။ နိုဗယ်လင်းကို အနားလာဖို့ ခေါ်ပေမယ့် အပင်အောက်မှာသာ ထိုင်နေလေသည်။

ဒွန်း လှည့်ကြည့်တိုင်း သူ့ကိုပဲ စိုက်ကြည့်နေသည့် နိုဗယ်လင်းလေးကို ပြန်လည်ပြုံးပြ၍ ကမ်းပေါ် ပြန်တက် သွားလိုက်သည်။

"ရောက်ပြီးမှတော့ တစ်ခါလောက်ဆင်းကြည့်မလား၊ ကိုယ်လည်း ရှိတာပဲလေ"

ဒွန်း၏ဖိတ်ခေါ်မှုကို နိုဗယ်လင်းက ခေါင်းလေးယမ်းပြ၍ မျက်နှာလွှဲသည်။ ဒွန်း စဉ်းစားရကြပ်နေသည်။ သူနိုဗယ်လင်းကို ဒီရေထဲမှာ တကယ် ကစားစေချင်သည်။ အကြောင်းကတော့ အေးမြသည့် ရေကြောင့် အညောင်းပြေပြီး စိတ်ပင်ပန်းမှု လျော့စေသည်လေ။

သူအကြံတစ်ခု ထွက်လာတော့ နှုတ်ခမ်းထက်မှာ အပြုံးတစ်ခု ပေါ်လာသည်။ နိုဗယ်လင်း၏ ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်တော့ သူ့လည်ပင်းကို သိုင်းဖက်လာပြီး နိုဗယ်လင်းက အံ့ဩစွာ ကြည့်နေသည်။

"အရာရာတိုင်းကို အခုကစပြီး မကြောက်တတ်အောင် အတူတူကြိုးစားကြမယ်၊ မင်းဘေးမှာ ကိုယ်ရှိနေသရွေ့ ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး"

ဒွန်းက ပြုံး၍ ဆိုပြီး ရေထဲကို ပြန်ဆင်းသွားတော့ နိုဗယ်လင်းဖက်ထားသော လက်တို့က ပို၍ တင်းကြပ်လာသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now