Extra Part (2) (Zawgyi)

27.5K 2.4K 151
                                    

ဘေဘီဒွန်းနဲ့ ပိစိနိုနို
---------------

"နိုနိုလေးရေ၊ ဟယ် အခန်းထဲမှာ မရှိဘူး၊ ဘယ်ရောက်သွားတာလဲ"

ဒေါ်မြဇလပ်၏ အသံချိုချိုက အပေါ်ထပ်တစ်ခုလုံးကို လွင့်လာသည်။ နိုဗယ်လင်း၏ အခန်းထဲမှာ လူကို ရှာမတွေ့တာကြောင့် ဗျာများသွားရ၏။ ဒီကောင်လေးကို ရေချိုးပေးရမယ့်အချိန်ဆို ပျောက်ပျောက်သွားတတ်သည်။

"မဒီရေ၊ သမီးအခန်းထဲကို နိုနိုလာသေးလား"

စာကျက်နေသော မေမိုးမဒီအခန်းထဲကို ၀င်ကာ မေးပြန်တော့လည်း မဒီက ခေါင်းယမ်းပြသည်။

"သူက ဒီအချိန်ဆို ပုန်းပြီလေ မေမေရဲ့၊ သမီး ကူရှာပေးမယ်"

"ရပါတယ် သမီးရယ်၊ စာကျက်ပျက်မယ်၊ ဒွန်းကိုပဲ ကူရှာခိုင်းလိုက်မယ်"

အတန်းကြီးလာပြီဖြစ်သည့် မေမိုးမဒီကို မေမေကနောက်ပိုင်း အိမ်အလုပ်တောင် သိပ်မလုပ်ခိုင်းတော့ပေ။ သို့ပေမယ့် နိုဗယ်လင်းက အိမ်ထဲမှာ ဆိုရင်တောင် အ‌ပုန်းကောင်းသည်မို့ သူလည်းမနေနိုင် မထိုင်နိုင် လိုက်ရှာပေးရတော့သည်။

"ဒွန်းရေ၊ သားညီလေးကို ကူရှာပေးပါလားကွယ်"

ဒွန်းအခန်းတံခါးကို ဖွင့်၍ဆိုတော့ ဒွန်းနေခက ဂိမ်းဆော့နေရင်းက ‌မျက်မှောင်ကြုံ့သည်။ သူဆော့နေသည့် Mario ဂိမ်းကိုရပ်လိုက်ပြီး ပွစိပွစိပြောတော့သည်။

"ဒီအချိန်ဆို လုပ်ပြီ၊ ရေချိုးရမှာကို ဘာလို့ အဲ့လောက်ကြောက်နေမှန်း မသိဘူး၊ သူ့ကိုပဲ တစ်နေ့‌တစ်နေ့ လိုက်ထိန်းနေရတယ်၊ နိုဗယ်လင်း နိုဗယ်လင်း၊ နောက်နေ့မင်းကို ကြိုးနဲ့ချည်ထားမယ်"

ဒွန်းက ခြံထဲမှာ ဦးနောင်နဲ့အတူ နိုဗယ်လင်းကို လိုက်ရှာရသည်။ မဒီနှင့် ဒေါ်မြဇလပ်တို့က အိမ်ထဲတွင်ရှာကြသည်။ ကြီးကြီးကတော့ ကားဂိုထောင်ဘက် သွားရှာလေသည်။

"နိုဗယ်လင်းရေ၊ နိုဗယ်လင်း၊ မင်းထွက်လာနော် မထွက်လာရင် မင်းနဲ့ငါ အတွေ့ပဲ"

ဒွန်းက ဆူပုတ်၍ ဆိုသည်။ တစ်နေ့တစ်နေ့ သူ့ကို ရေချိုးပေးရမယ့်အစား ကျားဖင်ပဲ ပြေးနှိုက်လိုက်ချင်တော့သည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now