P 10

50.4K 6.8K 126
                                    

ဒွန်း၏ ခွင့်နောက်ဆုံးရက်မို့ သုံးယောက်သား မြို့ပတ်၍ နိုဗယ်လင်း လိုအပ်သည်များကို လိုက်၀ယ်ပေးရတော့သည်။ အမကြီး ဖြစ်သူမေမိုးမဒီက မောင်နှစ်ယောက်အတွက် အ၀တ်အထည်တွေပဲ ရွေးပေးနေသည်။ ကိုယ်တိုင်က ဒီဇိုင်နာ တစ်ယောက်မို့ ချေးများတာကြောင့် ဒွန်းနှင့် နိုဗယ်လင်းတို့က ညောင်းကိုက်နေသည်အထိ ထိုင်စောင့်ရသည်လည်း ရှိသည်။ နိုဗယ်လင်းက တစ်ခါမှ မငြီငြူဖူး၍ သူမညောင်းဘူးလားဟု ဒွန်းမေးတော့ အဖတ်လုပ်လည်း မခံရပေ။

တစ်ခါတစ်လေ ဒွန်း အထီးကျန်မှာဆိုးလို့ သူတို့ နှစ်ယောက်ကို မွေးစားခဲ့သလား။ သူတို့နှိပ်စက်တာ ခံပေးဖို့ ဒွန်းကို မွေးခဲ့လေသလားဟု အမေ့ကို မေးချင်မိသည်။

ပစ္စည်းတွေ၀ယ်ခြမ်းပြီးတော့ အိမ်ပဲ ပြန်လာဖြစ်သည်။ အစက hotpot၀င်စားရန် စီစဉ်သော်လည်း သုံးယောက်အကြိုက်က သိပ်မတူတာမို့ မစားတော့ပဲ အိမ်သာပြန်ဖြစ်ကြတော့သည်။

မိန်းကလေးဖြစ်သူမို့ သယ်နိုင်သည့် အ၀တ်အိတ်များကို သယ်၍ မေမိုးမဒီက အိမ်ထဲ၀င်သွားသည်။ နိုဗယ်လင်း၏ ပန်းချီအောက်ခံစာရွက်ကြီးတွေ စုံစီနေသည့် ပုလင်းများကိုတော့ ဒွန်းကသယ်ရသည်။ နိုဗယ်လင်းကတော့ မေမိုးမဒီ၀ယ်လာသည့် ဖိနပ်အိတ်များစွာကို မနိုင့်တနိုင် သယ်ရတော့သည်။ အိမ်ရောက်တော့ ဧည့်ခန်းထဲတွင် ခြေချစရာ နေရာမရှိ။ ကားထဲမှာလည်း နိုဗယ်လင်းတောင် ကျုံ့ထိုင်နိုင်၍ ဆန့်လာသည့် ပစ္စည်းများဖြစ်သည်။

"ဆိုင်တစ်ခုလုံးများ ၀ယ်လာသလားမှတ်ရတယ်အေ"

ကြီးကြီးက ပြောရင်း ၀ယ်လာသည်များကို ကြည့်နေလေသည်။ ပစ္စည်းကို ဆိုင်ကနေ ကားပေါ်ထိ သယ်လည်း ကိုယ် ကားမောင်းတော့လည်းကိုယ် ဒင်းတို့နှစ်ယောက်က လက်လေးတွဲပြီး ကော့တော့ ကော့တော့နဲ့ တစ်ဆိုင်ပြီးတစ်ဆိုင် ၀ယ်လို့ကို မပြီးနိုင်ဘူး။ တော်တော် မေမိုးမဒီကို ယူမယ်‌လို့ နောက်တစ်ခါပြောမိရင် ကိုယ့်ကိုယ်ကို အရင်သတ်သေမယ်။

တစ်နေ့တာတွင် မပါမဖြစ် နိုဗယ်လင်းကို ရေချိုးခိုင်းရသည့် အမှုကိုတော့ ဒွန်း မပျက်ကွက်ဖြစ်တော့ပေ။ သူ့ကိုရေချိုးပေးရင်း တစ်ယောက်တည်းစကားပြောရင်း အဖြေမရှိတဲ့ မေးခွန်းတွေ ဆက်တိုက် မေးရတာကလည်း တစ်မျိုးကောင်းသည်ပဲလေ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now