ဇာတ်သိမ်းပိုင်း

3.4K 152 40
                                    

(Zawgyi)

တိမ်ရောင်ကင်း၍ ကြည်လင်ပြာလဲ့နေသော ကောင်းကင်ပြင်သည်တစ်ခဏတွင်းမှာပင် မှိုင်းညို့သောအသွင်ကိုပြောင်းရင်း အေးမြမြလေပြည်တို့နှင့်အတူ မိုးစက်မိုးပေါက်တို့ကိုပါ ဖိတ်ခေါ်လိုက်လေ၏။

ရုတ်ခြည်းပြောင်းလဲသွားလေသည့် ပတ်ဝန်းကျင်အခြေအနေက အံ့ဘုဏ်းထင်၏ စိတ်နှလုံးအား လွမ်းမောမှုအတိပြီးစေခဲ့၏။ခပ်ဟဟ ဖွင့်ဟထားခဲ့သည့် ပြတင်းပေါက်မှတိုးဝင်လာသည့် လေနုအေးမှာ သူ့နှလုံးသားအား အလွမ်းဒဏ်မှ သက်သာရန် ကုစားပေးဖို့ရာ တစ်စုံတစ်ဦးက စေလွှတ်လိုက်သည့် တမန်တော်ပမာ။

မိုးဉတု၏ရနံတို့ပျံပျံ့သင်းနေသည့် အေးစိမ့်စိမ့်လေပြည်၏ အထိအတွေ့အား ပိုမိုခံစားလိုသည်မို့ ပြတင်းပေါက်အနီးသို့ သူတိုးကပ်၍ရပ်လိုက်မိသည်။ ဤနေရာသည် သူချစ်ရသူအား နွေးထွေးစွာ ထွေးပွေ့ခဲ့ဖူးသည့် နေရာ။
လေပြည်အေးသည် သူ့မျက်နှာအား နီးကပ်စွာ တိုးဝှေ့တိုက်ခတ်ရင်း နှုတ်ခွန်းဆက်သွားလေ၏။သူ့နှလုံးသားမှာမူ တစ်ဖန်ပြန်ရှင်သန်လာသော အမှတ်တရ တစ်ခုကြောင့် နွေးထွေးစွာလှိုက်ခုန်နေလေတော့သည်။

မြင့်သွန်းလှသည့် အထပ်၌တည်ရှိနေသည့် Companyရုံးခန်းပြတင်းဝယ်မှီရပ်ရင်း သူ့စိတ်အာရုံအလုံးစုံကို တစ်စုံတစ်ဦးအား စိုးမိုးခွင့်ပြုထားမိသည်။ ထိုတစ်စုံတစ်ဦးမှာ 'ရှင်း' ဖြစ်သည်ကိုတော့ အထူးတလည်ပြောပြရန်ပင် လိုမည်မထင်ပါ။

"ဒေါက် .... ဒေါက်"

တံခါးခေါက်သံနှင့်အတူ ကြားလိုက်ရသည်က အတွင်းရေးမှူးအမျိုးသမီးငယ်လေး၏ စကားသံ။

"Mr. Andrianက ဦးဘုဏ်းနဲ့ တွေ့ချင်လို့ပါတဲ့"

"အင်း ဝင်ခဲ့ခိုင်းလိုက်"

စေ့ပိတ်ထားသည့်တံခါးအား ခပ်ဟဟဖွင့်ရင်း အခန်းတွင်သို့ ဝင်လာသည့် Neonအား သူအလုပ်စားပွဲရှေ့ရှိ ထိုင်ခုံဝယ် နေရာယူရန် ဆိုလိုက်သည်။

၆နှစ်ဟူသော အချိန်သည် ခဏတွင်းမှာပင် ခပ်မြန်မြန်ကုန်လွန်သွားခဲ့သည်။ပြောင်းလဲသွားခဲ့သည့် အဖြစ်သနှစ်တို့မှာတော့ အမြောက်အမြားပါပင်။

Essential of loveWhere stories live. Discover now