(၅)

2.4K 209 28
                                    

(Zawgyi Font)

Air con​လေ​အေး​ငွေ့တို့ကြောင့်​​အေးစိမ့်​​နေ​သောကားအတွင်းခန်းထဲ၌ မိုး​ရေအနည်းငယ်​ စွတ်​စိုလာ​သော ဘရ​ဏေ့မှာ ဝင်​လိုက်​သည်​နှင့်​ချမ်းတုန်​​နေ​တော့သည်​။
သို့​သော်​လည်းသူမဝင်​လိုက်​သည်​နှင့်
ဦးဘုဏ်းက heaterကိုတန်းဖွင့်​လိုက်​ပြီးသားပင်​။

ဦးဘုန်း ဘရ​ဏေ့အားလာ​ကျောင်းကြိုသည်​က တကယ့်​ကို ရှားပါးဖြစ်​ရပ်​...။
သူ့Companyအလုပ်​ကိစ္စ၊ လူမှု​ရေး
ကိစ္စ​တွေနှင့်​ပင်​ 24/7 အလုပ်​ရှုပ်​​နေတတ်​​သောသူ​ပေမို့ ယခုလိုလာကြိုသည်​ကို ဘရ​ဏေအံသြစွာ​မေးလိုက်​မိသည်​။

"ဒီ​နေ့ အလုပ်​အားလို့လား ​လေး​လေး''

"အင်း...ဆိုပါ​တော့
အလုပ်​ကိစ္စနဲ့ Singaporeကို ၁ပတ်​​လောက်​သွားရမယ်​ မသွားခင်
ညည်းကိုနေ့လည်​စာလိုက်​​ကျွေးမလို့
ဘာစားမလဲ​ပြော?''

"ဝိုးး ​လေး​လေးဘာလို့ဒီ​နေ့ အရမ်း​တွေ သ​ဘော​ကောင်း​နေတာလဲ?
မမ​မေနဲ့ ပြန်​အဆင်​​ပြေသွားလို့လား?
ဟုတ်​တယ်​မလား ဟီးဟီး''

လက်​​ဖျောက်​တီးရင်းအပိုင်​တွက်​ထားဟန်​ဖြင့်​ တတ်​တတ်​ကြွကြွဆို​နေ​သော
ဘရ​ဏေ့အား ဦးဘုဏ်းက ခပ်​စိမ်းစိမ်းလှည့်​ကြည့်​လာခဲ့သည်​။

"မဟုတ်​တာ​တွေ​ပြောမ​နေနဲ့ က​လေးမ
အိမ်​တန်းပြန်​ချင်​လို့လား?''

မျက်​​မှောင်​ကြုံ့ရင်းဆိုလိုက်​​သော စကားသံကို ကြားချိန်​၌ မျက်​နှာ​ချိုသွေး​နေ​သောဘရ​ဏေတစ်​​ယောက်​ ကိုယ့်​လျှာကိုယ်​ ကိုက်​လိုက်​မိရင်း ထိုကိစ္စအားဆက်​မ​ပြောရဲ​တော့။

"ဟင့်​အင်း.....မပြန်​ပါ​ဘူး
ရှားရှားပါးပါး အခွင့်​အ​ရေးကို
လက်​လွတ်​ခံလို့ဘယ်​ဖြစ်​မလဲ''

ဆိုင်​မှာစားရခြင်းက အဆန်းမဟုတ်​​သော်
ငြား ဦးဘုဏ်းနှင့်​ ထမင်းလက်​ဆုံမစားရသည်​မှာ ကြာပြီမို့ ဘရ​ဏေ ဒီတိုင်း​တော့ မပြန်​နိုင်​။

"ဘာစားချင်​တာလဲ ​ပြော
မ​ပြောရင်​ ငါအဆင်​​ပြေတဲ့ဆိုင်
မောင်း​တော့မယ်​''

Essential of loveWhere stories live. Discover now