(၂)

4K 251 41
                                    

(Zawgyi Font)

ကျောင်းအဝင်​ဝ၌ ဆိုက်​ရပ်​လိုက်​​သော
အနက်​​ရောင်​လက်​လက်​ ဇိမ်​ခံကားထဲရှိ leather sofaနက်​နက်​ထက်​ဝယ်​ ​ခြေအစုံအား ချိတ်​ထိုင်​ရင်း အလိုမကျမှု မ​ကျေနပ်​မှုတို့ ​ရောပြွန်းကာ ဘရ​ဏေ တစ်​ဦးတည်းကြား​လောက်​ရုံစကားသံနှင့်​​ရေရွတ်
နေမိသည်​။

"​ဒီအဖြူအစိမ်း မြန်​မာအင်္ကျီနဲ့ ထဘီကြီး
ဝတ်​ရတာမကြိုက်​ပါဘူးဆို.....

ဒီလို​နေ့မျိုး​အရင်​​ကျောင်းမှာဆို Catherineတို့ Isbellတို့နဲ့ ဂီတအချိန်​တတ်​​နေရပြီ...

မနက်​လဲအ​စောကြီးထရတာ
အိပ်​​ရေးပျက်​တယ်​...

ဒီ​ကျောင်းကြီးကို မကြိုက်​ဘူး
လုံးဝမတတ်​ချင်​ဘူး .....''

ရွှေစိတ်​​တော်​ ညိုညင်​ကာ​ကောက်​​ကွေး​​တော်​မူနေသည့်​ ဘရ​ဏေသည်​ မ​ကျေနပ်​ချက်​အပြည့်​ဖြင့်​ ​ခြေအစုံအား ​ဆောင့်​လိုက်​မိ​တော့သည်​။

Filterထိုးစရာမလိုဘဲ ဖူးနုနေ​သော
နှုတ်​ခမ်းထူထူပြည့်​ပြည့်​​လေးမှာ အလိုမကျမှု​ကြောင့်​ ခပ်​စူစူဖြစ်​​နေ​တော့သည်​။
ကျနစွာ ပုံသွင်းရိပ်​သင်​၍ အ​သေအချာ
ဆွဲထား​သော European styleမျက်​ခုံးလှလှအစုံမှာလည်း ကျုံ့ထား​သော
မျက်​​မှောင်​​ကြောင့်​ အချင်းချင်းထိစပ်​လုမတတ်​။

ဘရ​ဏေ ထပ်​မံ၍မ​ကျေနပ်​ချက်​များအား တီးတိုးဆို၍ ဆန္ဒပြရန်​ကြံ​နေစဉ်​မှာပင်​....

"ပွစိပွစိလုပ်​​နေတာကိုရပ်​ပြီး
အခုကား​ပေါ်ကဆင်းပြီး​ကျောင်းထဲ
ဲဝင်​မလား?
ငါလာဆွဲချရမလား....နန်းမြတ်​ဘရ​ဏေ

ကျောင်းတတ်​ဖို့ လိုက်​ပို့တာ​နော်
နင့်​မ​ကျေမနပ်​ချက်​​တွေကို နား​ထောင်​ဖို့ လိုက်​လာတာမဟုတ်​ဘူး ''

စိတ်​မရှည်​ဟန်​အပြည့်​နှင့်​ထိုစကားသံအဆုံးတွင်​​တော့ ဘရ​ဏေ တစ်​​ယောက်​ ဆက်​လက်​​ကောက်​​ကွေးမည့်​ အရှိန်​တို့ပင်​​တန့်​သွားရ​တော့သည်​။
မရပ်​လျှင်​လည်း တကယ်​ဆွဲချခံရမည့်
သ​ဘောရှိသည်​​လေ။

Essential of loveWhere stories live. Discover now