(၂၃)

1.5K 136 12
                                    

(Zawgyi)

တစ်ဖျက်ဖျက်သော ကင်မရာမီးရောင်တို့က ရှင်း၏အမြင်အာရုံအား ဝေဝါးသွားစေသည်မို့ hotel ballroomပြင်ပသို့ လှမ်းထွက်လာသော ရှင်းခြေလှမ်းတို့မှာ အနည်းငယ်ပင် ယိမ်းယိုင်သွား‌ရသေးသည်။

သို့သော်ငြား ခြေလှမ်းမှားကာ ယိုင်မလိုဖြစ်သွားသည့် ရှင်းပုခုံးအား ခပ်ဖွဖွ လှမ်းကိုင်ကာ ရှင်းအား ထိန်းထားပေးလာခဲ့သည့် နံဘေးရှိဦးဘုဏ်းအား ရှင်း မရဲတရဲမော့ကြည့်လိုက်မိသည်။

ရှင်းအကြည့်တို့၏ ဆုံချက်က mediaများအား ဂရုသိပ်မထားဟန်ဖြင့် ခပ်ဖွဖွပြုံးနေသည့် အံ့ဘုဏ်းထင်၏ မျက်နှာထက်ဝယ် ရောက်သွားမိချိန်၌မူ ရုတ်တရက်လွှဲဖယ်ဖို့ပင် မေ့လျော့နေမိရသည်။
အောင်နိုင်သူအသွင်ဆောင်နေသည့် ခပ်ရေးရေးအပြုံးတစ်စမှာ သူ့မျက်နှာကျ‌အနေအထားနှင့် လိုက်ဖက်လွန်းလှနေသည်မို့။

စိတ်လှုပ်ရှားမှုကြောင့် ချွေးစေးပြန်ကာအေးစက်စက်ဖြစ်နေသည့်ရှည်သွယ်သော ရှင်းလက်တို့အားခပ်တင်းတင်းဆုတ်ကိုင်ကာ ဆွဲခေါ်လာသည့် သူ့လက်အစုံမှာနွေးထွေးလျက်။

ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသော ဤလက်အစုံအား ဘယ်သော အခါမျှ လွှတ်မပေးလိုမိတော့လျှင် ....

ရှင်းလောဘကြီးသည့်နှယ် ဖြစ်နေလေမည်လား?

မဖြစ်နိုင်သော အတွေးတစ်စကြောင့် ဖြစ်တည်လာရသည့်နွေးထွေးလုံခြုံမှုအပိုင်းအစလေးအား ရှင်းနှလုံးသားမှ ကောင်းစွာခံစားလိုက်မိချိန်၌မူ...
ရှင်းခြေလှမ်းတို့မှာလည်း အမိန့်ပေးစရာမလိုဘဲ သူ့နံဘေးမှ ထပ်ကြပ်မကွာ လျှောက်လှမ်းလိုက်ပါမိလျက်သား.....။

.
.
.
.
.
.
.
.
.
.

ရှင်းနှင့်ဦးဘုဏ်းတို့ ကားပေါ်ရောက်သွားချိန်၌မူ မှန်အနက်ပတ်လည်ကာထားသော ကားအတွင်းပုံရိပ်တို့အား သတင်းသမားတို့ မမြင်လိုက်ကြရ။ သို့သော်ငြား ယနေ့သူတ့ိုအတွက် လုံလောက်ပြည့်စုံသော ခေါင်းစဉ်တစ်ခု ရလိုက်ပေပြီမို့ ကျေနပ်နေကြတော့သည်။

အရှိန်သွက်သွက်နှင့် မောင်းထွက်သွားသော ကားပေါ်ရှိ လူသားနှစ်ဦးအား မမြင်ရသော်ငြား ဘရဏေ စိတ်မှန်းဖြင့် လှမ်းကြည့်ရင်း သက်ပြင်းချနေမိသည်မှာ အခါခါ။

Essential of loveWhere stories live. Discover now