(၂၆)

1.3K 143 23
                                    

(Zawgyi)

အရုဏ်ဦးနေခြည်နွေးပင် ဖြန့်ကျက်ဖို့ရာ အားယူနေဆဲကာလမို့ အလင်းရိပ်ခပ်ဖြဖြကိုပင် မမြင်ရသေးသည့်အချိန်ဖြစ်သည်။ ဆိတ်ငြိမ်မှုကသာ လွှမ်းခြုံအပ်သော အခန်းငယ်ထဲဝယ် နှစ်ခြိုက်စွာ အိပ်မောကျနေသူမှာတော့ 'ရှင်း'ပါပင်။

သန်းခေါင်ကျော်ညဉ့်နက်သည့်အထိ Companyမှ မပြီးပြတ်သေးသော အလုပ်အချို့အားလက်စသပ်နေရသေးသည်မို့ ရှင်း၏အိပ်ရာဝင်ချိန်မှာနောက်ကျလှသည်လေ။ ထို့ကြောင့်လည်း ယခုကဲ့သို့ အိပ်မောကျနေရခြင်းပါပင်။

"🎶All the good girls go to hell
And even god herself...has enemies...🎶"

အနှစ်သက်ဆုံးသော အဆိုတော်မလေး၏ သီချင်းသံက ရုတ်တရက် ခပ်ကျယ်ကျယ် ပျံ့လွင့်လာသည်မို့ ရှင်းရုတ်တရက် လန့်ဖြန့်သွားရတော့သည်။

Contant Nameကိုပင် မကြည့်ဘဲ အိပ်ချင်မူးတူးလေသံဖြင့် phဖြေလိုက်သော်ငြား တစ်ဖက်လူ၏ ဆိုစကားသံအား ကြားလိုက်ရချိန်၌မူ ရှင်းငေါက်ကနဲပင် ထ ထိုင်မိလျက်သား။

"ဒီမနက် Flightနဲ့ Singaporeသွားရမယ် ချာတိတ်
Readyပြင်တော့"

"ဗျာ?"

ရှင်း၏အာမေဋိတ်စကားသံပင် အဆုံးမသတ်လိုက်မီ ဖုန်းချသွားသောဦးဘုဏ်းအား အထွန့်တပ်ဖို့ရာ ရှင်းမှာ အချိန်မရှိ။

ဦးဘုဏ်းနံဘေး၌ အတွင်းရေးမှူးအဖြစ် အလုပ်လုပ်နေရသည့် ရှင်းအတွက် ဤသို့သော အဖြစ်တို့မှာ ထူးဆန်းမနေတော့။ သန်းခေါင်သန်းလွဲ အချိန်၌ပင် Companyသို့ အပြေးထလာရသည့်အချိန်မျိုးလည်းရှိသလို၊ရုံးပိတ်ရက်ဖြစ်နေလျှင်ပင် အရေးပေါ်ခရီးထ ထွက်ရသည့် အခိုက်အတန့်မျိုးလည်း ရှိသေးသည်မို့။

စုံစမ်းကြည့်ချိန်၌မူ သိရသည်က ဤသည်တို့ကားဦးဘုဏ်း နံဘေး၌ရှိနေရသည့် အတွင်းရေးမှူးတိုင်းလုပ်ရသည့် ကိစ္စများဖြစ်သည်ဟူ၍ပင်။

ဦးဘုဏ်းနံဘေး၌ ကြာကြာနေရလေလေ ရှင်းသူ့အကြောင်းတို့အားပိုသိရလေလေပင်။ အောင်မြင်သော CEOဟူသော ဂုဏ်ပုဒ်နှင့် ကိုက်ညီလွန်းစွာ ဦးဘုဏ်း၏ စနစ်ဇယားကျပုံနှင့် စီးပွားရေးအကွက်မြင်တတ်ပုံတို့မှာ ရှင်းအတွက်အတုယူစရာ အပြည့်ပါပင်။

Essential of loveWhere stories live. Discover now