(၁၃)

1.8K 155 15
                                    

(Zawgyi font)

ကားအ​နောက်​ခန်းထဲ၌ အသင့်​​နေရာယူ
ပြီး​ အနည်းငယ်​​စောင်းငဲ့ကြည့်​လိုက်​မိချိန်​တွင်​​တော့ သူရှိရာအရပ်​အား ​ငေးစိုက်​ကြည့်​​နေရင်း အ​တွေးနယ်​ချဲ့​နေ​လေဟန်​ ​ကောင်​ငယ်​​လေးအား အံ့ဘုဏ်းထင်တွေ့လိုက်​ရသည်​။

ထို​ကောင်​ငယ်​​လေးက​တော့ တစ်​ဖက်​မြင်​ကားမှန်​အနက်​​နောက်​မှ လှမ်းအကဲခတ်​​နေသည့်​သူ့အားမြင်​နိုင်​မည်​မဟုတ်​။

ဘော့ပင်​အား ​မေး​စေ့​အောက်​ခပ်​ဖွဖွ​ထောက်​ရင်း ခပ်​ပါးပါးနှုတ်​ခမ်း​လေးက ​အနည်းငယ်​ကွေးညွတ်​​နေသ​ယောင်​။
မျက်​နှာနုနုထက်​ဝယ်​ ခပ်​ဖွဖွအပြုံးရိပ်​သာ ယှက်​သန်း​နေ​လေ​သော​ကြောင့်​ ရှင်း၏ သ​င်္ကေတဖြစ်​​သော သွားထပ်​ချွန်​​လေးကို​တော့ သူမ​တွေ့ရ...။
သို့​သော်​လည်းမျက်​ခုံးတန်းများနှင့်​ လိုက်​ဖက်​လွန်းသည့်​ ရွှန်းစို​သော ရှင်းမျက်​ဝန်းများကလည်းပြုံး​ယောင်​သမ်း​နေ​လေသည်​။

"ဘယ်​သူ့အ​ကြောင်းကိုများတ​မေ့တ​မော​တွေးရင်းသ​ဘောကျနေရပါသနည်း?''

ထား​တော့....။
ဤသည်​က သူ့စိတ်​ဝင်​စားရမည့်​ကိစ္စ
္စမဟုတ်​။
သို့​သော်​လည်းသူ့အကြည့်​တို့က ရှင်းထံမှ မဖယ်​ခွာမိ​သေး....။

"ဘာလို့များ.....
ဒီ​လောက်​မျက်​နှာကျဆင်​​နေရတာလဲ?''

အ​တွေးတစ်​ခုနှင့်​အတူ မမှတ်​မိချင်​​သော အ​ကြောင်းအရာများက သူ့မှတ်​ဥာဏ်​၌repeatလုပ်​ထားသည့်​နှယ်​ ထပ်​ခါထပ်​ခါပြန်​​ပေါ်လာမည့်​အ​ရေးအားစိုးရိမ်​မိ​သော​ကြောင့်​ Driverအား ​မောင်းထွက်​ရန်​ လက်​ဖြင့်​အချက်​ပြလိုက်​မိသည်​။
ထို့​နောက်​တွင်​​တော့ သူ့စိတ်​အာရုံအား lap topထဲရှိ အလုပ်​ကိစ္စစာရင်းဇယားတို့၌သာ စုစည်းထားလိုက်​မိ​တော့သည်​။
.
.
.
.
.
.
.
.
အလုပ်​ထဲစိတ်​နှစ်​​နေရသည်​နှင့်​ အချိန်​မည်​မျှကုန်​သွားမှန်းပင်​သူသတိမထားမိလိုက်​။ Driver၏ ​ရောက်​ပါပြီဆရာဟူ​သော စကားအားကြားလိုက်​မှသာ သူကား​ပေါ်က ဆင်းဖြစ်​သည်​။

Essential of loveWhere stories live. Discover now