(၁၀)

2K 182 27
                                    

(Zawgyi font)

ဖြောင်း!

ခပ်​ကျယ်​ကျယ်​​အသံတစ်​စနှင့်​အတူ ပါးပြင်​တစ်​ခုလုံး နီရဲစပ်​ဖျဉ်းသွားရသည့်​နာကျင်​မှုအပြင်​ Neonစူးနင့်​စွာခံစားလိုက်​မိသည်​က ဘယ်​ဘက်​ရင်​အုံထံမှ ဆစ်​ကနဲ​အောင့်​မျက်​သွားမှု​.....။

ယောက်ျားတန်​မဲ့ ​ဝေ့တတ်​လာ​သော မျက်​ရည်​စများက ဘရ​ဏေနှင့်​ ပတ်​သတ်​လာလျှင်​ 0%အထိထိုးကျသွားတတ်​​သော Neonစိတ်​၏ ခံနိုင်​ရည်​အား သရုပ်​​ဖော်
နေသည့်​နှယ်​....။

မယုံနိုင်​ဟန်​ဖြင့်​ Neon​မော့ကြည့်​မိလိုက်​ချိန်​တွင်​​တော့ ​ဒေါသအရှိန်​​ကြောင့်​နီမြန်း​နေ​သော ဘရ​ဏေ့မျက်​နှာ.....။
မျက်​​မှောင်​ကျုံ့ကြည့်​​နေ​သော သူမမျက်​ဝန်းတို့၌ Neonအား မလိုလားဟန်​တို့က ထင်​ထင်​ရှားရှား.....။

"မျက်​နှာသာ​ပေးလို့ ​ရောင့်​တတ်​တယ်​ဆိုတာကို အခုမှ လက်​​တွေ့သိလိုက်​ရတာပဲ
Neon နင်​ငါ့ကို​ပေးထားတဲ့ ကတိကို
ဘာလို့မတည်​ရတာလဲ?
အထက်​တန်းပြီးတဲ့ထိ ငါ့အ​ပေါ် ရိုးရိုးသားသားဆက်​ဆံမယ်​ဆို.....''

ဒေါသအရှိန်​​ကြောင့်​ဘရ​ဏေ စကားပင်​မဆက်​နိုင်​​တော့....။

Neonစိတ်​ထဲ၌မူ နာကျင်​ခံပြင်းမှုနှင့်​ ဝမ်းနည်းအားနာမှုတို့က ဒွန်​တွဲလွန်​ဆွဲ​နေရ​တော့သည်​။

ရိုးရိုးရှင်းရှင်း​ ဇာရင်​ဖုံးအင်္ကျီဖြူ​လေးကိုသာ ချပ်​ကပ်​စွာ ဝတ်​ဆင်​ရင်း အပြိုင်​အဆိုင်​ လှပစွာ တန်​ဆာဆင်​ထား​သော ယိုးဒယားနှင်းဆီ​ရောင်​စုံများကြား၌ post​ပေါင်းစုံ​ပြောင်း​ပေးရင်း ​ပျော်​ရွှင်​ရယ်​​မော​နေသည့်​ဘရ​ဏေသည်​ Neonအတွက်​မူ နတ်​မိမယ်​တမျှ လှပလွန်း​နေသည်​။

"အနားလာပြီး Portrait ရိုက်​​ပေးNeon''

ဟူ​သော သူမစကားအဆုံး Neonအနားတိုးကပ်​သွားရင်း cameraကို ချိန်​လိုက်​ချိန်​၌ ဘရ​ဏေက အနီးရှိ နှင်းဆီဖြူတစ်​ပွင့်​အား​ကောက်​ပန်​လိုက်​​တော့သည်​။

ခပ်​​ဖျော့​ဖျော့မ​ဟော်​ဂနီ​ရောင်​ဆံစများမှာ ပန်​ဆင်​လိုက်​သည့်​နှင်းဆီပန်းဖြူ နှင့်​ ပနံရစွာ။Cameraကို ကြည့်​ရင်း ပြုံးလိုက်​​သော နုဖူးဖူးနှုတ်​ခမ်းလွှာအား​​ အနီးကပ်​မြင်​လိုက်​ရချိန်​၌ Neonလှိုက်​ခုန်​လာ​သော နှလုံးသား၏ ဆန္ဒအား ထိန်းချုပ်​ထားသည့်​ကြားမှပင်​ မလွန်​ဆန်​နိုင်​စွာ ရည်​ရွယ်​ထားခြင်းမရှိဘဲ အကြင်​နာတစ်​စ ခပ်​ဖွဖွ ​ခြွေချလိုက်​မိတော့သည်​။
သို့​သော်​လည်းအကျိုးဆက်​က ဤသို့နှယ်​....။

Essential of loveWhere stories live. Discover now