(၂၂)

1.7K 149 18
                                    

(Zawgyi Font)

အလင်းတစ်​​ပျောက်​မျှပင်​မရှိ​ဘဲ မှောင်​အတိပြီး​နေသည့်​ ဓာတ်​​လှေကားသည်​ရှင်းအတွက်​မူ စိတ်​ပျက်​ဖွယ်​သာမက ​ခြောက်​ခြားဖွယ်​လည်း​ကောင်းလွန်းလှသည်​။အ​ကြောင်းမူကား ရှင်း​ကြောက်​တတ်​သည့်​ ရှားရှားပါးပါး အရာတစ်​ခုမှာ အ​လင်းမဝင်​ဘဲမှောင်​မိုက်​​နေသည့်​ အခန်းကျဉ်းများပင်​ဖြစ်​သည်​​လေ...။

စက္ကန့်​ပိုင်းအတွင်းမှာပင်​ oxygenပြတ်​သွား​လေမလားဟူ​သော အ​တွေးနှင့်​အတူ ရှင်းအသက်​ရှူကြပ်​လာရ​တော့သည်​။ ရှင်းနားဝသို့တိုးဝင်​လာသည့်​ အသံတစ်​စ​​ကြောင့်​သာ အနည်းငယ်​စိတ်​သက်​သာရာရသွားသည်​ဟု ဆိုရ​လောက်​မည်​...။

ထိုအသံကြောင့်​ နံ​ဘေးမှသူရှိမည့်​အရပ်​သို့ စိတ်​မှန်းဖြင့်​ လှမ်း၌ လှည့်​လိုက်​မိချိန်​၌ မျက်​နှာအား ​ဝေဝါးဝါးပင်​ မမြင်​ရ​သော်​ငြား ဤအသံရှင်​အား ရှင်း​မမှတ်​မိစရာအ​ကြောင်းမရှိ....။

"Neon''

"​ငါ့ကို​တောင်​မမှတ်​မိရ​အောင်
ဘာ​တွေ​ဇောကပ်​​နေရတာလဲ ရှင်း?''

"မင်းက​လေ ရုပ်​ရှင်​​တွေထဲကလို လှစ်​ကနဲ ​ပေါ်​ပေါ်လာရတာ သိပ်​ကြိုက်​တယ်
နော်
စောနက ငါဝင်​လာ​​တော့ အသံမ​ပေး ဘာမ​ပေးနဲ့''

အလျှင်​လို​နေသည့်​အခိုက်​တွင်​မှ​ ကံအ​ကြောင်းမသင့်​စွာ မီးကလည်းပျက်​သွားပြန်​ရခြင်းအား မ​ကျေနပ်​မှု​ကြောင့်​ ရှင်းNeonအား ဘုဂလန့်​ပင်​ပြန်​​ပြောမိ​တော့သည်​အထိ...။

"ဟား​...စကား​တွေတတ်​​နေပါလား နန်းနဲ့​ပေါင်းတာ များသွားလို့​နေမယ်​''

ခပ်​ဟဟ ရယ်​​မောကာဆိုလိုက်​​သော Neonအသံ​ကြောင့်​ ရှင်း​ကြောက်​စိတ်​ပင်​အနည်းငယ်​ ​ပြေ​လျော့သွားသလိုလို....။
တစ်​​ယောက်​ထဲပိတ်​မိ​နေခြင်းထက်​စာလျှင်​ အ​ဖော်​ရှိသည်​က ပို၍ အဆင်​​ပြေသည်​​လေ။

"ငါတို့ တစ်​ခုခုလုပ်​သင့်​တယ်​မှတ်​လားNeon မီးပျက်​တာလား?
ဓာတ်​​လှေကားက ချို့ယွင်းတာလားပဲ
မင်းphoneပါတယ်​မလား?
Reception ကို ဆက်​ကြည့်​ကွာ''

Essential of loveWhere stories live. Discover now