(၄၄)

1K 91 30
                                    

အတိတ်ပုံရိပ်တို့သည်ကား နှစ်ကာလမည်မျှကြာစေကာမူ အမြဲသစ်လွင်နေမြဲပါပင်။

သို့သော်လည်း အမှန်အတိုင်းအလုံးစုံမသိခဲ့ရသည့် ကာယကံရှင်အချို့မှာတော့ နာကျင်မုန်းတီးမှုတို့ကိုသာ အဖော်ပြုရင်း အနှစ်နှစ်အလလအား ဖြတ်သန်းခဲ့ရသည်။

အံ့ဘုဏ်းထင်သည်လည်း ထိုသူတို့အနက်တစ်ဦးဖြစ်သည်လေ။

အတိတ်ဟောင်းဝယ် ဖြစ်တည်ခဲ့ဖူးသည့် ချစ်ခြင်း၊မုန်းခြင်း၊အသည်းနင့်အောင်ယူကျုံးမရဖြစ်ခဲ့ရခြင်းစသည့် ခံစားချက်တို့မှာလည်း အံ့ဘုဏ်းထင်စိတ်နှလုံးထဲဝယ် ယခု တစ်ဖန်ပြန်လည်ရှင်သန်နေခဲ့လေပြန်သည်။

'ရှင်းခန့်သွင်'

ဖြူစင်လွန်းသည်ဟုသူယုံကြည်ခဲ့သော ရှင်းသည်ယခုမူ သူ့ယုံကြည်ချက်တို့အား နင်းချေဖျက်ဆီးသွားပြန်ခဲ့သည်ပင်။

'ငယ်'နှင့်ဆင်တူနေခဲ့သည့် သူ့အသွင်ကြောင့် အံ့ဘုဏ်းထင်အား စိတ်ဝင်စားစေခဲ့သည်မှာမှန်သော်ငြား ရှင်း၏ကိုယ်ပိုင် ရိုးသားကြိုးစားသောကိုယ်ရည်ကိုယ်သွေးတို့နှင့် သူ့အပေါ်စစ်မှန်စွာ မေတ္တာထားခဲ့သည်ဟူသော ယုံကြည်ချက်တို့ကသာ အံ့ဘုဏ်းထင်နှလုံးသားအား တစ်ဖန်ပြန်အသက်ဝင်စေခဲ့ခြင်းပါပင်...

ယခုမူ...

ဒေါသစိတ်က သူ့ဦးဏှောက်အား မင်းမူနေသည်မို့ အခန်းထဲ၌ ခေါက်တုန့်ခေါက်ပြန်လျှောက်လှမ်းနေရင်းသူ့စိတ်သူပြန်ဖြေနေရသည်။ အံ့ဘုဏ်းထင် ရုတ်တရက်ဤပြဿနာအား မည်သို့အဖြေရှာရမှန်းပင်မတွေးတတ်တော့။

'ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်' ဟူသောရှေးစကားပုံကိုသာ သူရုတ်တရက်တွေးမိလိုက်တော့သည်။
ဤ projectအတွက် သူကြိုတင်ပြင်ဆင်နေခဲ့ရသည်မှာ အချိန်အတော်ကိုကြာခဲ့ပြီ။
Mediaတို့ကိုပါ ထိုကိစ္စအား အာရုံမစိုက်မိနေရန် သူ့အချစ်ရေးသတင်းဖြင့် လမ်းလွှဲပစ်ခဲ့သည်။

အံ့ဩဖို့ကောင်းသည်က ထိုသို့ အာရုံလွှဲဖယ်ရန်အတွက် ရှင်းအား အသုံးချခဲ့မိသောသူက ရှင်းအပေါ် တကယ်ယုံကြည်ချစ်ခင်သွားခဲ့မိခြင်း။ ရယ်စရာကောင်းလွန်းလှသည်လေ။

Essential of loveOnde histórias criam vida. Descubra agora