(၂၉)

1.3K 145 39
                                    

(Zawgyi)

ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံးဝယ် ပြည့်လွှမ်းနေသော မြူနှင်းများကြောင့် ရှင်းတို့စီးနင်းလာသည့် စက်လှေမှာ မည်သည့်အရပ်သို့ ဦးတည်နေမှန်းပင်ရှင်းမသိရ။

ရှင်းသိသည့်တစ်ခုတည်းသောအရာမှာတော့ မှိုင်းပြပြမြူထုကြား၌ပင် ထွင်းဖောက်၍မြင်နေရပါသော ဦးဘုဏ်း၏မြင်ရခဲလှသော အသွင်ကိုသာ။
အအေးဓာတ်မှ အကာအကွယ်ပြုရန်အကြောင်းပြကာ ရှင်းမျက်နှာနုနုအားဖိပွတ်နေသည့် ဦးဘုဏ်းမှာ အလွန်‌သဘောကျနေဟန်ဖြင့် ပြုံးရယ်နေလေသည်မို့ သူ့ထံမှ အပျော်တို့ကူးစက်ကာ ရှင်းပါ ပျော်ရွှင်ရလာသည့်အထိ။

ကျောင်းသားဘဝမှ စရေတွက်မည်ဆိုပါက ရှင်း ဦးဘုဏ်းနှင့်သိကျွမ်းခဲ့သည့် ကာလမှာ မနည်းလှ။ထိုကာလအတွင်း၌ သူ့အသွင် ပုံစံမျိုးစုံအားရှင်းမြင်ဖူးခဲ့ပါသည်။ သို့သော်ငြားလည်း ယခုအချိန်လောက်လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေသည့် ပုံရိပ်ကိုမူ ရှင်းတစ်ကြိမ်မျှပင်မမြင်ဖူးခဲ့။

ရှင်းအားငေးစိုက်ကြည့်နေသည့် သူ့မျက်ဝန်းထဲမှ အရိပ်အယောင်တို့အား 'ချစ်ခြင်းမေတ္တာ'ဟုသာ လိုရာဆွဲတွေးကာ မှတ်ယူလိုက်မိတော့သည်။ထိုသို့တွေးလိုက်မိတိုင်း ဖြစ်တည်လာသော ပီတိစိတ်ကြောင့် ရှင်းအပြုံးတို့မှာ ပိုမိုအသက်ဝင်တောက်ပလာလျက်...။

စကားတစ်ခွန်းပင်မဆိုဖြစ်ကြဘဲ ကြည်နူးရိပ်လွှမ်းသော မျက်ဝန်းတို့ဖြင့် တစ်ဦးကိုတစ်ဦးငေးစိုက်ကြည့်နေရင်းသာ အချိန်တို့ကုန်လွန်ခဲ့ရတော့သည်။
တွယ်ငြိဖွယ်ကောင်းလွန်းလှသည့်သဘောအား ဆောင်နေလေသည့် အခိုက်အတန့်လေးပါပင်...။

.
.
.

နာရီဝက်နီးပါးမျှ ကန်ရေပြင်ကျယ်ထက်၌ ခရီးနှင်ပြီးချိန်တွင်တော့ လှေဆိပ်ဖြစ်ဟန်တူသည့် နေရာ၌ လှေထိုးသားကြီးမှာ ရပ်နားလိုက်လေသည်။

အဘယ်အရပ်ဖြစ်သည်မှန်းရှင်းမသိ။
ထိုအခိုက်မှာပင် ဦးဘုဏ်းက ရှင်းပုခုံးတို့အား ခပ်ဖွဖွ ဆုတ်ကိုင်ကာ ‌ရှေ့တူရှုသို့လျှောက်လှမ်းစေလေသည်။

ရင်ခုန်မှုနှင့်အတူ စိတ်လှုပ်ရှားမှု၊ပျော်ရွှင်မှုတို့မှာ ‌ရှင်းစိတ်နှလုံးဝယ်တစ်လှည့်စီနေရာယူနေကြတော့သည်။

Essential of loveWhere stories live. Discover now