(၂၀)

1.8K 167 31
                                    

(Zawgyi font)

"အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူ​တော်​မူကြပါကုန်​​လော့
သာဓု သာဓု သာဓု''

ဆရာ​တော်​ဘုရား၏ တရားအဆုံး၌
မေ​မေ့၏ အမျှ​ဝေသံက ရှင်းနားဝ၌ ပီပီသသဖြတ်​​ပြေးသွားခဲ့​လေသည်​...။ ​ရေစက်​ခွက်​အား တစ်​ဖက်​ကိုင်​ရင်း ချည်​သဘက်​ကြမ်းအား ပုခုံးထက်​တင်​ထားကာ အ​ရှေ့ဆုံး ​နေရာ၌ ​မေ​မေ​ရေစက်​သွန်းချ အမျှ​ဝေ​နေခြင်းပင်​...။

ဤ​နေ့ကား ဘိုးဘိုး၏ နှစ်​ပတ်​လည်​​နေ့။
ထို့​ကြောင့်​လည်း ရှင်း ပုဂံသို့ ပြန်​လာဖြစ်​ခဲ့ခြင်းပါပင်​...။ သို့​သော်​လည်း မ​မျှော်​မှန်းထားခဲ့မိ သည့်​ အ​ခြေအ​နေ​ကြောင့်​ ပုံမှန်​ထက်​ရှင်း ပို​စော​စော ​ရောက်​လာဖြစ်​ခဲ့သည်​...။

အ​စောပိုင်းကဆရာ​တော်​၏ တရှည်​တလျား ဆုံးမသြဝါဒတို့ကား ရှင်းနားထဲ၌ မကြားတစ်​ချက်​ ကြားတစ်​ချက်​။ ဒီရက်​ပိုင်းအ​တွေးလွန်​​နေတတ်​​သော ရှင်းတစ်​​ယောက်​ ညကလည်း ​ကောင်း​ကောင်းအိပ်​မ​ပျော်​...။

ထိုအိပ်​မ​ပျော်​ခြင်း၏ ​နောက်​ဆက်​တွဲအဖြစ်​ ယခု အရုဏ်​ဆွမ်းကပ်​အပြီးတရားနာချိန်​တွင်​​တော့ ​ကောင်း​ကောင်းအိပ်​ငိုက်​​နေ​တော့​လေသည်​။ တရားဆုံး၍ အမျှ​ဝေချိန်​​ရောက်​မှ ရှင်းမျက်​လုံးပွင့်​လာရသည်​မို့ ​ယောင်​ယမ်းကာ ​ဘေးဘီအား ကြည့်​လိုက်​မိသည်​။

တရားနာပရိသတ်​များမှာလည်းအပြင်​လူတို့ မပါဝင်​။ ​မေ​မေနှင့်​ ​မေ​မေ့ညီမဝမ်းကွဲ။ ထို့​နောက်​ အိမ်​မှ ရက်​ကန်းအလုပ်​သမ​လေးများ။ ​ယောကျာ်း​လေးဟူ​၍ ရှားရှားပါးပါးရှင်းတစ်​ဦးတည်းသာ....။

အ​တွေးနှင့်​အတူ တရားအဆုံး၌ ​ရေစက်​ချ​နေသည့်​ ​မေ​မေ့ထံ ရှင်းအကြည့်​​ရောက်​သွားမိ​တော့သည်​။ ​​ရှေး​ဟောင်းကြေး​ရေစက်​ခွက်​အား ကိုင်​ထားရင်း ဗန်းငယ်​ထံသို့ ခပ်​​ဖြေး​ဖြေး ​ရေစက်​သွန်းချ​နေသည့်​ ​မေ​မေ့လက်​သွယ်​သွယ်​တို့မှာ အနည်းငယ်​တုန်​ယင်​​နေသ​ယောင်​....။

Essential of loveOù les histoires vivent. Découvrez maintenant