(၃၅)

1.4K 133 41
                                    

(Zawgyi)

You got me ... defenseless 🎼

Intoxicated me senseless 🎼

You cut me ... so deeply 🎼

I must confess 🎼

တိုးသဲ့စွာလွင့်ပျံလာသော ringtoneသံမှာ နေဝင်တိမ်တောက်ချိန်ဝယ် ကြည်လင်သည့်စိတ်အစုံနှင့် ဘရဏေ့အား ငေးရီနေမိသည့် Neonအား သက်ပြင်းတစ်ချက်ချရသည်အထိ လေးလံထိုင်းမှိုင်းသွားစေ၏။

'Papa'ဟုမှတ်သားထားခဲ့သည့် constant nameထံမှအဝင်callသည် Neonအား ပြစ်တင်ပြောဆိုရန်မှအပ အခြားမဖြစ်နိုင်။

Phone screenထက်ရှိ အစိမ်းရောင်buttonအားနှိပ်ကာ ဖြေလိုက်ချိန်ဝယ်ကြားလိုက်ရသည်က ရာဇသံတစ်ခု။

"အခုချက်ခြင်း ငါ့ဆီလာခဲ့ Andrian"

တည်တင်းစွာဆိုလာခဲ့သည့်စကားသံအား ငြင်းပယ်ခွင့် အထွန့်တပ်ခွင့် မရှိ။
တစ်ချက်လွှတ်အာဏာပေးကာ phoneချသွားခဲ့ချိန်ဝယ် Neon
ဘရဏေ့အားလှည့်ကြည့်ကာ ဖျော့တော့စွာ ပြုံးပြမိလေသည်။

"ကိုယ်သွားရတော့မယ် နန်း"

"နင့်ဒဏ်ရာက..."

"ဒီလောက်က စာမဖွဲ့လောက်ပါဘူးနန်းရာ စိတ်မပူနဲ့နော်
ကိုယ် သွားမယ်"

ပြောပြောဆိုဆိုနှင့် ထရပ်ရန်ဟန်ပြင်လိုက်သည့် Neonအား တစ်ခုသော စကားအားဆိုရန်တွေးမိသည်မို့ အနီး၌ရှိသည့် သူ့အင်္ကျီ လက်အနားစအား ခပ်ဖွဖွဆွဲကိုင်မိလိုက်၏။

အံ့ဩရိပ်သန်းသော မျက်နှာနှင့် သူမအား ငုံ့ကြည့်လာသည့် Neonအား ဘရဏေ စိတ်ရင်းမှန်သည့် စကားသံဖြင့် ဆိုမိသည်က

"ဂရုစိုက်"

ဤမျှလောက်သော ‌နွေးထွေးမှု အပိုင်းအစလေးကပင် Neonနှလုံးသားအား တစ်ဖန်ပြန်လည် တတ်ကြွစေပါသည် ။ဘရဏေ့၏ ဆိုစကားတစ်ခွန်းကြောင့်ပင် Neonတစ်ယောက် ဖခင်ဖြစ်သူနှင့် ရင်ဆိုင်ဖို့ရာ ခွန်အားတို့ရှိလာခဲ့ပါ၏။

အင်္ကျီအနားစငယ်အား ခပ်ဖွဖွ ဆွဲကိုင်ထားသည့် ဖြူဖွေး‌သွယ်လျသော လက်အစုံအား ဆုတ်ကိုင်လိုက်မိချိန်ဝယ်
ဘရဏေ ငြင်းပယ်ခြင်းမပြုမိ။
ဤသည်ကို သတိထားမိသည့် Neonမှာမူ အပြုံးဝယ် အပျော်ဆင့်ရင်း ကတိစကားတစ်ခုကို ဘရဏေ့အား ပေးလိုက်မိလျက်သား။

Essential of loveWhere stories live. Discover now